သီပေါမြို့နယ်အုတ်ကျင်းရပ်ကွက်အတွင်းရှိမဟာမြတ်မုနိဘုရားကြီးပရ၀ုဏ်အတွင်းရှိသီတဂူစက္ခုဒါန ဆေးရုံ၌ မျက်စိဝေဒနာရှင်၄၉၂ဦးအားစမ်းသပ်မှုပြုလုပ်ပေးခဲ့ပြီး၁၃၈ဦးအားခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ ယခုကဲ့သို့ ပြုလုပ်မှုသည် သီပေါမြို့ သီတဂူ ဆေးရုံ၌ (၂၆)ကြိမ်မြောက် ကုသခြင်းဖြစ်ကြောင်းလည်းသိရသည်။
လာရောက်ကုသမှုခံယူသောမျက်စိဝေဒနာရှင်၆၃၀ဦးအားသီတဂူဆရာတော်ဒေါက်တာ အရှင်ဥာဏိ သရမှ ဦးဆောင်၍ရန်ကုန်မြို့မှ ဒေါက်တာစကြည်လွင်၊မန္တလေးမှ ဒေါက်တာမိုးမိုး၊ ပြင်ဦးလွင်မြို့တပ်မတော် ဆေးရုံမှ ဒေါက်တာညွှန့်ဦးမောင်၊ မဟာမြတ်မုနိဘုရား အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသီရိနှင့် ဒါယိကာ ၊ ဒါယိကာမများ စုပေါင်းပြီး အခမဲ့ကုသမှု ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment