ပေကျင်း
ကြွက်သတ်ဆေး၊ ပေါင်းသတ်ဆေးများဖြင့်အနံ့ထူးကဲအောင် ပြုလုပ်ထားဟန်ရှိသောဒိန်ချဉ်ကို သောက်သုံး မိပြီးနောက် တရုတ်နိုင်ငံ အတွင်းရှိ ကျောင်းတစ်ကျောင်း မှ မူလတန်း ကျောင်းသား ၁၉ ဦးအား ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ ရကြောင်း ဆင်ဟွာ သတင်းဌာန မှ ထုတ်ပြန် ခဲ့ကြောင်းသိရသည်။
နိုင်ငံ အလယ်ပိုင်း
ဟူနန်ပြည်နယ် ၊ လောင်ဒီမြို့တော် မှအသက်၃၄ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးသည် ကျောင်းသားများထံ သို့ မရောင်းချမီ ဒိန်ချဉ်များအတွင်းသို့အဆိပ်များ ရောနှောခဲ့ကြောင်း နောက်ပိုင်းတွင် ၀န်ခံ ပြောကြား ခဲ့သည်။
အဆိုပါ အမျိုးသမီး သည် စိတ်ပုံမှန် မဟုတ်သည့် ဝေဒနာကို ခံစား နေရသူ ဖြစ်နိုင်ဖွယ် ရှိကြောင်း ဆင်ဟွာ သတင်းဌာန က ဖော်ပြ ခဲ့သည်။ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရသည့် ကျောင်းသား များအနက် ၃ ဦးသည် စိုးရိမ်ရသည့် အနေအထား တွင် ရှိသော်လည်း အသက် အန္တရာယ် မရှိကြောင်း ၊ ၄င်းကိစ္စကို အာဏာပိုင် များက ဆက်လက် စုံစမ်းလျက် ရှိကြောင်း သိရှိရသည်။
#Themyawadydaily
No comments:
Post a Comment