Friday, December 6, 2013

TNLAအဖွဲ့ ထောင်ထားသော မိုင်း၂ လုံး နင်းမိ၍ အပြစ်မဲ့ ဒေသခံ ၃ ဦး သေဆုံး


6 Dec 2013

TNLA တအာင်း (ပလောင်)အဖွဲ့သည် ယခုရက်ပိုင်းအတွင်း အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများအပြင် မိုင်းထောင်ဖောက်ခွဲခြင်းစသည့် အဖျက်အမှောက်လုပ်ငန်းများအား ဆက်တိုက်ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။

 TNLA(ပလောင်)အဖွဲ့ထောင်ထားသော မိုင်းများအားနင်းမိသောကြောင့်နမ့်ဆန်မြို့နယ် အတွင်းမှ အမျိုးသား
(၁)ဦး ၊ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လည် ၂ နာရီတွင် နမ့်ဆန် မြို့နယ် ပန်ဂျလော့ကျေးရွာအနီ်း  TNLA အဖွဲ့ ထောင်ထားသော   နင်းမိုင်း တစ်လုံးပေါက်ကွဲမှုကြောင့် စိုက်ခဲကျေးရွာနေ မောင်ကြာကြီး ၂၀ နှစ် မှာ မိုင်းဆထိမှန်ဒဏ်ရာရ သေဆုံးခဲ့ရပါသည်။

ထို့အတူ၎င်းနေ့ညနေ၃နာရီတွင်လည်းနမ်ဆန်မြို့နယ်အာရမ်းကျေးရွာနေ  ဒေါ်အေးဖုံနှင့် ဒေါ်ကြူကြူမွေး တို့သည် တောထဲသို့ မက်ခေါက်သီး ကောက်ရန်သွားစဉ် ပန်ဂျလော့လမ်းဆုံအနီးTNLAအဖွဲ့ထောင် ထားသောမိုင်းနင်းမိ၍ သေဆုံးသွားကြောင်းသိရသည်။ သေဆုံးသွားသောအလောင်းများအား ကျေးရွာအစီ အစဉ်ဖြင့် အာရမ်းကျေးရွာသို့ သယ်ဆောင်မီးသင်္ဂြီုလ်ခဲ့ကြောင်းသိရသည်။ 

TNLA(ပလောင်)အဖွဲ့၏  လုပ်ရပ်များသည်ကျေးလက်နေ(ပလောင်)လူမျိုးများကောင်းစားရေး ဆောင်ရွက်   နေသည်ဟု အသံကောင်းဟစ်နေသော်လည်း  ယခုကဲ့သို့အပြစ်မဲ့ ဒေသခံကျေးလက်နေပြည်သူ များအား မိုင်းထောင်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံခြင်း စသည့် လုပ်ရပ်များကြောင့်အပြောတစ်မျိုးအလုပ်တစ်မျိုးဖြစ်နေသောTNLAအဖွဲ့အား ဒေသခံများမှ ရွံ့ကြောက် ကြီးဖြစ်နေကြောင်း နမ့်ဆန် ဒေသခံတစ်ဦး၏ ပြေပြချက်အရ သိရသည်။

No comments:

Post a Comment