KIA ကချင်အဖွဲ့သည် ဒီဇင်ဘာလအတွင်း ရှမ်းလူငယ်များအား အတင်းအဓမ္မလူသစ်စုဆောင်းခြင်း ဆက်ကြေး ကောက်ခံခြင်းများကြောင့် ရှမ်းပြည်သူလူထုမှ ဆန္ဒဖော်ထုတ်ရန် ရဲတပ်ဖွဲ့ရုံးသို့ စာတင် ထားကြောင်းသိရသည်။ ထိုကဲ့သို့ ပြုလုပ်ရခြင်းမှာKIA၏လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ရပ်များနှင့် အတင်းအဓမ္မလူသစ်စုဆောင်းခြင်းခံရသောရှမ်းလူငယ်များပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒဖော် ထုတ်ရန် စာတင်ထား ခြင်းဖြစ်ကြောင်းသိရသည်။
ထိုကဲ့သို့ဆန္ဒဖော်ထုတ်ရန် ပြုလုပ်နေဆဲမှာပင်ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာအုပ်စု၊ လွယ်ကန်ကျေးရွာနှင့်ပန်ကိုင်ကျေးရွာရှိ ကုန်စုံဆိုင်နှင့်စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များသို့ဆက်ကြေး ပေးဆောင်ရန်ဆက်ကြေးတောင်းစာ(၁၀)စောင်အား၂၀၁၃ခုနှစ်၊ဒီဇင်ဘာလ၁၅ရက်နေ့ကပေးပို့ထားကြောင်း သိရသည်။
KIAအဖွဲ့၏ ဆက်ကြေးတောင်းခံစာ ပေးပို့ထားခြင်းခံရသူများမှာ ပန်ကိုင်ကျေးရွာမှ ဦးအိုက်ချိန် (ကုန်စုံဆိုင်)၊ ဦးဆွေခမ်း (ကုန်စုံဆိုင်)၊ ဦးအိုက်ဆန် (ဆီဆိုင်)၊ ဦးဇော်မိုး (ဆီဆိုင်) နှင့် လွယ်ကန်ကျေးရွာမှ ဦးကြည်လှိုင် (ကုန်စုံ/ဆီဆိုင်)၊ ဦးအိုက်လှ (ကုန်စုံ/ဆီဆိုင်)၊ ဦးအိုက်နောင်း (ဆီဆိုင်)၊ ဦးသိန်းကျော် (ကုန်စုံဆိုင်)၊ ဦးလထီးချိန် (အရက်ဆိုင်)၊ ဦးကျော်လှ (ဆီဆိုင်)တို့ထံသို့ ပေးပို့ထားကြောင်း သိရသည်။ စီးပွားလုပ်ငန်း တစ်မျိုးလျင် ၃၀၀၀၀ိ/-ကျပ်နှုန်းဖြင့်လည်းကောင်း စီးပွားလုပ်ငန်း ၂ မျိုးလုပ်ကိုင်သော ပိုင်ရှင်များအား၅၀၀၀၀ိ/-ကျပ်နှုန်းဖြင့်လည်းကောင်း ပေး ဆောင်ရန်ကချင်ဘာသာဖြင့် ပေးပို့ထားကြောင်း သိရသည်။
No comments:
Post a Comment