မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ သမိုင်းဝင် ကပ်ကျော်ဘော်ကြိုမုဌောဘုရားကြီးတွင်မကြာခဏတွေ့ရှိရသည့် ဘိုးသက်ရှည်အဘိုးဦးလုံးလိုင်းဆိုင်သည် ရှမ်းနှစ်ကူးနေ့တွင် ဘုရားဖူး လာရောက်ကြသည့်ဧည့်သည်များနှင့် ပြုံးပျော်ရွှင်စွာဖြင့် ရင်းရင်း နှီးနှီး တွေ့ဆုံ
ခဲ့ကြောင်းသိရသည်။
အဘိုးဦးလုံးလိုင်းဆိုင်အားအဘဦးပူကျောင်းနဲ့အမိဒေါ်နိုင်းစိန်းမွန်တို့မှ၁၂၆၄ခုနှစ်၊၀ါဆိုလဆန်း(၃)ရက်နေ့ တွင် မွေးဖွားပြီး မွေးချင်း(၄)ဦးအနက်အဘိုးမှာ တတိယမြောက်သား ဖြစ်ကြောင်းအဘိုး ဦးလုံးလိုင်းဆိုင်အား လားရိုးခရိုင်တန့်ယန်းမြို့တွင်မွေးဖွားပြီးအသက်(၄၀)နှစ်အရွယ်တွင်သီပေါမြို့၊ ကျောက်မဲမြို့နယ်ဘက်သို့ ပြောင်းရွှေ့လာပြီးလက်ဖက်ခြံ၊လက်ဖက်တောင်တန်းများပေါ် နေထိုင်ပြီးလက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်း ဖြင့် အသက်မွေးဝမ်းကျောင်းခဲ့ပြီး ကျောက်မဲမြို့နယ်လက်ဖက်ထွက်ရာဟူးကွက်ဒေသကျေးရွာတွင် ပြည်သူ့ စစ်ခေါင်းဆောင်အဖြစ် ကျေးရွာလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း သိရှိရ ပါသည်။
အဘိုးလုံးလိုင်းဆိုင်သည်ကျန်းမာရေးအထူးကောင်းမွန်သူဖြစ်ပြီး(၂၁)မိုင်ဝေးကွာသောသီပေါမြို့နှင့် ကျောက်မဲ မြို့သို့(၃)နာရီကြာမျှခြေလျှင်လျှောက်ကာသွားလာလျှက်ရှိသည်။မျက်စိနှင့်နားများမှာလည်း သာမန်လူငယ် များကဲ့သို့ မြင်နိုင်ကြားနိုင်စွမ်းရှိပါသည်။ မှတ်ဥာဏ်ကောင်းမွန်ပြီး မွေးနေ့မှစယနေ့ထိ လုပ်ကိုင်ဆောင် ရွက်ခဲ့သမျှကိုခရေစေ့တွင်းကျ ပြောပြနိုင်ပါသေးသည်။
အဘိုးဦးလုံးလိုင်းဆိုင်သည် နေ့စဉ်နေ့တိုင်း အရဟံ ဂုဏ်တော်ကိုပွားများကြောင်းတရားထိုင်တဲ့အခါမှာ မိုးကုတ်ဝိပသနာကိုကျင့်ကြံအားထုတ်ကြောင်းအဓိကကောက်ညှင်းကိုပဲစားပြီးသားကြီးငါးကြီးမစားကြောင်း လတ်ဆတ်သည့်ဟင်းသီးဟင်းရွက်နှင့် ငါးသေးသေးလေးများကိုသာစားသုံးကြောင်း၊ ရေအေးကို သောက်သုံး ခြင်းမပြုဘဲ၊လက်ဘက်ခတ်ထားသောရေးနွေးကြမ်းကိုသာအမြဲသောက်သုံးသောကြောင့် ယခုကဲ့သို့ အသက်ရှည် တာဖြစ်ကြောင်း အဘိုး၏ ပြောပြသိရှိရပါသည်။
ထူးခြားချက်မှာ။ ။အဘိုးဦးလုံးလိုင်းဆိုင်သည် မျက်စီ၊နားတို့မှာ ကောင်းစွာ မြင်နိုင်ကြားနိုင်ခြင်း၊ ယခင် ရင်းနှီးသူများ၏ မိတ်ဆွေများ သားသမီးမြေးများ လာရောက်သည့်အခါ ဦးဘယ်သူ နေကောင်းလား ရှိသေးလားဟု မေးတတ်ခြင်း၊မှတ်ဥာဏ်ကောင်းမွန်ပြီး မေးသမျှကိုအပြုံးမပျက်ရယ်ရယ်မောမော ပြောဆို တတ်ခြင်း၊သွားလိုသည့်နေရာများသို့ အမှားအယွင်းမရှိ ခြေကျင်သွားလာတတ်ခြင်း အခါကြီး ရက်ကြီး ဥပုဒ်နေ့နှင့်အဘိုးလာချင်သည့်ရက်များတွင်လူအကူမလိုဘဲမိမိအိမ်မည့်အိမ်ရာလိပ်အားထမ်းကာ ဘော်ကြို မုဌောဘုရားကြီးသို့ လာရောက်တတ်ကြောင်းသိရပါသည်။
No comments:
Post a Comment