Monday, December 9, 2013

SSA (၀မ်ဟိုင်း)မှ သီပေါမြို့နယ်၊ စံလောင်းကျေးရွာနေ အပြစ်မဲ့ရွာသား (၈)ဦးအား ဖမ်းဆီးခေါ်ဆောင်

9 Dec 2013

SSA (၀မ်ဟိုင်း)အဖွဲ့များသည် ဆက်ကြေးကောက်ခံခြင်း လူသစ်စုဆောင်းခြင်းများ ပြုလုပ်ရန် ကျောက်မဲမြို့နှင့် သီပေါမြို့နယ်များသို့ ရောက်ရှိနေကြောင်း သိရသည်။ 

 ဒီဇင်ဘာလ ၈ ရက်နေ့က SSA (၀မ်ဟိုင်း) အဖွဲ့များသည် သီပေါမြို့နယ်၊ မိုင်းလင်းကျေးရွာအုပ်စု၊ စံလောင်း ကျေးရွာသို့နံနက် ၀၃၀၀ နာရီတွင် ရောက်ရှိလာပြီး အပြစ်မဲ့ရွာသား (၈)ဦးအား  တွန်ကြိုင်း ရွာဘက်သို့ ဖမ်းဆီးခေါ် ဆောင်သွားကြောင်းသိရသည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများမှာစိုင်းအောင်မိန်း ၂၀ နှစ် (ဘ)
ဦးဆန်ဆိုင်၊ စိုင်းအောင်ဝှီး ၂၅ နှစ် (ဘ)ဦးချင်းဆိုင်ဟွမ်၊ အိုက်ပီး ၂၀ နှစ်၊(ဘ) ဦးလုံးဆိုင် ၊    ကျန်ဆာ ၂၂ နှစ်     (ဘ)ဦးစိုင်းမောင်၊    အိုက်ပန် ၄၀ နှစ်(ဘ) ဦးဆန်မော၊ အိုက်ဆွေဆာ ၂၂ နှစ်၊ (ဘ)ဦးအိုက်ရွမ်း၊အိုက်ဟွမ် ၂၀ နှစ် (ဘ)ဦးချင်းအောင် နှင့် သီပေါမြို့မှ လာရောက်လည်ပတ်သူ တစ်ဦးလည်း ပါဝင်ကြောင်းသိရသည်။

 ထိုကဲ့သို့ SSA (၀မ်ဟိုင်း)အဖွဲ့လုပ်ရပ်များသည် အပြစ်မဲ့ဒေသခံ တိုင်းရင်းသားများအား ၀န်ထုပ်ဝန်ပိုး ဖြစ်စေသည့် ရင်နင့်စရာ ဥပဒေမဲ့လုပ်ရပ်များဖြစ် ကြောင်း ဖော်ပြလိုက်ပါသည်။

No comments:

Post a Comment