မြန်မာ နိုင်ငံ၏ ရန်ကုန် မြို့တော်နှင့် ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်
မြို့သို့ အဲကွန်း ဘတ်စ်ကား ကြီးများ အချိန် ၁၂ နာရီ ဖြင့် နေ့ချင်း
ရောက် ပြေးဆွဲ ပေးမည်ဟု သိရသည်။
ပထမ တန်းစား အဲကွန်း နှစ်ထပ် ဘတ်စ်ကားကြီး များတွင် ခရီးသည်
၁၂၀ ဆံ့ပြီး တစ်ဦး လျှင် ငွေကျပ် သုံးသောင်း နှင့် နိုင်ငံ ခြားသား
တစ်ဦး
လျှင် US$ 40 နှုန်း သတ်မှတ်ပြီး ကား အစီး ရေ ၂၀ ဖြင့် တစ်ရက်
ခြားစီ ပြေး ဆွဲမည် ဖြစ်သည်။
ရန်ကုန်- သထုံ -ဘားအံ-ကော့ကရိတ်-မြ၀တီ-မဲဆောက်- ဘန်ကောက်
- ရန်ကုန် ခရီးစဉ်ကို Yangon Air - Bus-Taxi လိုင်းသစ်မှ ၂၀၁၄ ခုနှစ်
မြန်မာ- ထိုင်း နှစ်သစ်ကူး ပွဲတော် အမှီ ပြေးဆွဲ သွားရန် ပြင်ဆင်လျှက်
ရှိသည် ။
ယင်း အဲကွန်း နှစ်ထပ် ဘတ်စ်ကား ကြီးများကို ၇န်ကုန်မြို့ကမ်း နားလမ်း ကျန်းမာ ရေးဆိပ်ကမ်း ကားဝင်း အတွင်းမှ နံနက် ၆နာရီတွင် စတင် ထွက်ခွာ၍ ဘားအံ မြို့သို့ နံနက် ၁၀ နာရီ ရောက်ရှိကာ ကော့ကရိတ်မြို့
သို့ နံနက် ၁၁ နာရီ ရောက်ရှိ မည်ဖြစ် သည်။ မြ၀တီမြို့သို့ မွန်းလွဲ ၁ နာရီ ရောက်ရှိပြီး မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ မွန်းလွဲ ၂ နာရီ စတင် ထွက်ခွာကာ ဘန်ကောက် မြို့သို့ ညနေ ၆ နာရီတွင် ရောက်ရှိမည် ဖြစ်သည်။
Eleven new
No comments:
Post a Comment