SSA (၀မ်ဟိုင်း)မှ စိုင်းသန်းအောင် ဦးစီး သော အဖွဲ့သည် လက်နက်များ ကိုင်ဆောင်၍ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် သီပေါမြို့နယ်၊ မိုင်းလင်းကျေးရာအုပ်စုတွင် ပါဝင်သော မိုင်းလင်းကျေးရွာနှင့် ဆီဆုံကျေးရွာ မှ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး၎ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
ဖမ်းဆီးခံရသူများမှာ
ဆီဆုံကျေးရွာမှ ဦးလုံပန်း ၅၅ နှစ်၊ ဦးအိုက်ဆာ ၅၀ နှစ်၊ စိုင်းကျော်ဆွေ ၁၈ နှစ်၊ မောင်ဌေးအောင် ၁၆ နှစ်၊ ဦးဆန်တိုင် ၅၃ နှစ် နှင့် မိုင်းလင်းရွာမှ ဒေါ်နားမီ ၃၀ နှစ်၊ ဒေါ်နန်းလေး ၃၅ နှစ်၊ ဒေါ်နန်းလှ ၃၃ နှစ်၊ ဦးလုံးပူး ၆၅ နှစ်၊ စိုင်းလောဝ် ၂၈ နှစ်၊ ဒေါ်ပါရင် ၄၅ နှစ် တို့ဖြစ်ကြောင်း ဖြစ်ကြောင်းသိရသည်။
ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း စံလောင်းကျေးရွာမှ ရွာသား ၈ ဦးအား SSA(၀မ်ဟိုင်း)အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားရာ ၂ ဦးသာ ပြန်လည်လွှတ်မြောက်လာကြောင်းသိရသည်။
No comments:
Post a Comment