Thursday, December 5, 2013

TNLA(ပလောင်)လက်နက်ကိုင်အဖွဲ့မှ ရွာသား ၃၂ ဦးအား တပ်သားသစ်အဖြစ် အတင်းအဓ္ဓမဖမ်းဆီးခေါ်ဆောင်

5 Dec 2013












တအာင်း(ပလောင်)လူမျိုးများနေထိုင်ရာ ဒေသများဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်၊မိုင်းငေါ့မြို့နယ်ခွဲများသည် အခြားသောဒေသများထက်ဖွံ့ဖြိုးတိုးတက်မှုနည်းပါပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနိမ့်ကျလျက်ရှိသောကြောင့် ဒေသခံ တအာင်း(ပလောင်) တိုင်းရင်းသားပြည်သူလူထုမှ နိုင်ငံတော်သမ္မတထံသို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် စာဖြင့် တင်ပြခဲ့ပါသည်။ ထိုသို့ ပညာရေး၊ကျန်းမာရေး၊စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျ ရခြင်းမှာလည်း TNLA(ပလောင်)လက်နက်ကိုင်အဖွဲ့၏ တရားဥပဒေမဲ့လုပ်ရပ်များဖြစ်သော လူသစ်အတင်း အဓ္ဓမစုဆောင်းခြင်း၊ ရိက္ခာ၊ဆက်ကြေးကောက်ခံခြင်း၊လူဖမ်း/သတ်ဖြတ်ခြင်း၊     မူးယစ်ဆေးဝါးအကြောင်းပြ၍
အုပ်ချုပ်မှုယန္တရားများအား ၀င်ရောက်စွက်ဖက်ခြင်းနှင့် ကျေးရွာပြည်သူများအား နည်းမျိုးစုံသုံးဖိအားပေးမှု များကြောင့်တိုက်ပွဲများဖြစ်ပွားကာနယ်မြေအတွင်းမတည်ငြိမ်ခြင်းများနှင့်ကြုံတွေ့နေရသောကြောင့်ဖြစ်ပါသည်။ ထိုကဲ့သို့နယ်မြေမတည်ငြိမ်မှုများနှင့်ကြုံတွေ့နေရပြီးတရားဥပဒေ၏ အကာအကွယ်အစောင့်အရှောက်အား ကောင်းမွန်စွာရရှိမှုအားနည်းနေသောကြောင့် ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ အနေဖြင့် ၄င်းဒေသများသို့လာရောက်၍တာဝန်ထမ်းဆောင်ရန်အခက်အခဲများဖြစ်ပေါ်လျက်ရှိသောကြောင့်နိုင်ငံတော်၏ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။

သာဓကသတင်းတစ်ရပ်ဖော်ပြရလျင် TNLA(ပလောင်)လက်နက်ကိုင်အဖွဲ့မှ အင်အား ၇၀ ဦးခန့်သည် လက်နက်ကိုယ်စီကိုင်ဆောင်၍ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာသို့ရာက်ရှိလာပြီး၎င်းရွာတွင်နေထိုင်သောမောင်ကျော်နိုင်၊၃၅ နှစ်၊(ဘ)ဦးနေထွန်း၊ မောင်အိုက်ပီး၊ ၂၂ နှစ်၊(ဘ)ဦးကြာအေး၊မောင်အောင်နိုင်၊ ၂၅ နှစ်၊(ဘ)ဦးအောင်သန်း၊မောင်ကျော်သက်ပိုင်၊ ၂၁နှစ်၊(ဘ)ဦးအိုက်မန်း၊မောင်ဆန်းဝင်း၊၂၆နှစ်၊(ဘ)ဦးလွန်းမောင်၊မောင်အိုက်လွတ်၊ ၁၈နှစ်၊ (ဘ) ဦးအိုက်အေး၊မောင်အိုက်မျိုး၊ ၁၉ နှစ်၊(ဘ)ဦးအိုက်လိတ်၊မောင်စံရီ၊ ၄၅ နှစ်၊(ဘ)ဦးပေါ်ခမ်း၊ မောင်ကျော်လွင်၊ ၁၈ နှစ်၊ (ဘ)ဦးအိုက်လှ၊ မောင်အိုက်ထွေး၊ ၁၈ နှစ်၊(ဘ)ဦးအိုက်ပွင့်၊မောင်အိုက်စိုင်း၊ ၁၉ နှစ်၊(ဘ)ဦးမောင်မောင်၊ မောင်အိုက်ပြည့်၊၂၂ နှစ်၊(ဘ)ဦးဆန်စိုင်း၊ မောင်အိုက်ဒက်၊ ၂၅ နှစ်၊(ဘ)ဦးအိုက်ကြာ၊ မောင်ထက်ကျော်အောင်၊၁၈ နှစ်၊ (ဘ)ဦးအိုက်ပီး၊ မောင်အိုက်စိုင်း၊ ၁၈ နှစ်၊(ဘ)ဦးသိန်းတန်၊မောင်ကိုဒစ်၊၂၀ နှစ်၊(ဘ)ဦးအောင်ခင်၊မောင်ဆန်စိုင်း၊၁၈ နှစ်၊ (ဘ)ဦးခမ်းဆိုင်း၊ မောင်အိုက်ပွင့်၊၁၈ နှစ်၊(ဘ)ဦးအိုက်ဒစ်၊မောင်ထွန်းဦး၊၂၀ နှစ်၊(ဘ)ဦးထွန်းကျော်၊ မောင်အုန်းဖေ၊၁၉ နှစ်၊(ဘ)ဦးမိုးအေး၊ မောင်သန်းထိုက်၊ ၂၀ နှစ်၊(ဘ)ဦးအိုက်စိုင်း၊မောင်အိုက်ထွန်း၊ ၂၉ နှစ်၊ (ဘ)ဦးနော်ထာ၊မောင်ကျော်ခိုင်၊၃၀နှစ်၊(ဘ)ဦးအိုက်နု၊မောင်အိုက်ဌေး၊၃၇ နှစ်၊(ဘ)ဦးအိုက်အောင်၊ မောင်ကေလာ၊၂၃ နှစ်၊(ဘ)ဦးသာအေး၊ မောင်အိုက်ညွှန့်၊၁၉ နှစ်၊(ဘ)ဦးအိုက်မိုး၊ မောင်အိုက်မတ်၊၁၉နှစ်၊(ဘ)ဦးအိုက်ဝမ်း၊မောင်အိုက်အောင်၊၃၅ နှစ်၊(ဘ)ဦးအိုက်ခမ်း၊ မောင်ထွန်းနော်၊၁၉ နှစ်၊ (ဘ)ဦးပေါ်ဌေး၊မောင်အိုက်မွန်၊၂၂နှစ်၊(ဘ)ဦးအိုက်လွတ်၊မောင်မိုးအောင်၊၂၅ နှစ်၊(ဘ)ဦးနော်ဆိုင်း၊ မောင်အိုက်ကြာ၊ ၂၀ နှစ် (ဘ) ဦးအောင်ကျော် စသည့် ရွာသား(၃၂)ဦးတို့အား တပ်သားသစ်အဖြစ် အတင်းအဓ္ဓမဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြန်ပါသည်။

ထိုကဲ့သို့ TNLA(ပလောင်)လက်နက်ကိုင်အဖွဲ့၏တရားဥပဒေမဲ့လုပ်ရပ်များသည်ပလောင်တိုင်းရင်းသား လူမျိုးများ၏လူနေမှုဘ၀နိမ့်ကျသည်ထက်နိမ့်ကျစေလျက် ဆင်းရဲတွင်းနက်သထက်နက်အောင် ဆောင်ရွက် လျက်ရှိကြောင်း ပြည်သူအများသိရှိစေရန် ဖော်ပြအပ်ပါသည်။

No comments:

Post a Comment