ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက် နယ်အတွင်း ထူးဆန်းစွာ လိင်အဂါင်္ (၂)မျိုးပါဝင်သူကလေးငယ်လေးတစ်ဦးကို(၁၄.၁၂.၂၀၁၃)ရက်နေ့မနက်(၄း၃၀)မိနစ်အချိန်ခန့်တွင်ကံကြီးကုန်း / အုပ်စု ကျေးရွာတွင် နေထိုင်သူ ကိုအေးမင်း၏ဇနီး မစန်းစန်းမော်(ခ)ပူစူးမမှ(ယောက်င်္ကျားလေးလိင်အဂါင်္ နှင့်
မိန်းကလေး လိင်အင်္ဂါ) လိင်အင်္ဂါ နှစ်မျိုးပါရှိသူကလေးငယ်လေး ကိုမွေးဖွားခဲ့သည်။
ကလေးက(၇.ပေါင်နဲ့၈.အောင်စ)ရှိပါတယ် ကလေးရောလူကြီးပါ ကျန်းမာရေးကောင်းပါတယ် ဟုကလေး၏ မိခင်မှပြောကြားသွားသည်။ ကျေးလက်သားဖွားအရံဆရာမ(၂)ဦးနဲ့ မွေးဖွား ခဲ့တာဖြစ်ပြီး ကလေး၏ မိခင်နဲ့ ဖခင်တို့မှာလက်ရှိလယ်/ယာလုပ်ငန်းနှင့်အခြားကြံပင်စိုက်ခြင်းလုပ်ငန်းများကိုလုပ်ကိုင်နေ ကြောင်းသိရသည်။
ထူဆန်းစွာလိင်အင်္ဂါ(၂)ခုပါရှိသည့် ကလေးငယ်မွေးဖွား မှုနှင့်ပတ်သတ်ကြီး ၀က်ထီးကန်တိုက် နယ်ဆေးရုံ အုပ်ကြီးဒေါက်တာ နေ၀င်းလှိုင်အား မေးမြန်းခဲ့ရာ ယခုလိုပြန် လည်ဖြေကြားခဲ့ပါသည်။
အဲဒီကလေးမွေးတာက လွန်ခဲ့တဲ့(၄)ရက်လောက်ကပါ ဆေးရုံကြီးကိုလာဖို့ ဖိတ်ခေါ်ထားပါတယ်။ယနေ့ အချိန်အထိတော့လာရောက်ခြင်းမရှိသေးပါဘူး။ကလေးမွေးဖွားမှု့ကိုဆေးပညာ အရပြောရရင်ကိုယ်ဝန် ဆောင်မိခင်ကကိုယ်ဝန်စဆောင်ချိန်ကစပြီး ဗိုက်အပ်ရပါတယ်။ နားလည်တတ်ကျွမ်းတဲ့ကျေးလက် ကျန်းမာရေးကဆရာ/မတွေကိုဗိုက်အပ်မှကိုယ်ဝန်ဆောင်မိခင်အတွက်လိုအပ်တာတွေကို စီစဉ်ပေးနိုင်မှုက ပိုမိုထိရောက်မှာပါ။ ကိုယ်ဝန်စဆောင်ချိန် (၃)လမပြည့်ခင်မှာ ကိုယ်ဝန်ဆောင် မိခင်က မြန်မာဆေးတို့ အင်္ဂလိပ်ဆေးတို့မှားယွင်းစွာသုံးစွဲမိတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။တချို့သောဆေးတွေဆိုရင် နူတ်ခမ်း ကွဲ၊အာခေါင်ကွဲ၊ကိုယ်လက်အင်္ဂါမစုံတာတွေလည်း ဖြစ်တတ်ပါတယ်။မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ်။ ခုချိန်ထိတော့ဘာမှမပြောချင်သေးပါဘူးဟုပြောကြားသွားပါသည်။
ပြည်တွင်းသတင်း
No comments:
Post a Comment