Sunday, December 15, 2013
ရှမ်းလူမျိုးများတောင့်တလျက်ရှိသော နှစ်သစ်ကူးလက်ဆောင်
16 Dec 2013
 RCSS/SSA အဖွဲ့မှ ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ် နှစ်သစ်ကူးလက်ဆောင်အဖြစ် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် နိုင်ငံရေးသိက္ခာကျဆင်းရေး ၀ါဒဖြန့်ချီရေးစာစောင်များအဖြစ် အောက်ပါ အကြောင်း အရာများအား မဟုတ်မမှန် ဖော်ပြလျက်ရှိပါသည်။
အဆိုပါ ဖော်ပြချက်တွင် RCSS/SSA အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပြီး ဘိန်း တိုက်ဖျက် နှိမ်နှင်းရေးအတွက် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး လက်တွေ့ ဘိန်းရောင်း၊ ဘိန်းရှူသမားများ ဖမ်းဆီးဆောင်ရွက်နေကြောင်း၊ သို့သော်လည်း တပ်မတော်နှင့် အစိုးရမှ ဆောင်ရွက်ခြင်း မရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော် အစိုးရနှင့် RCSS/SSA တို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်အား ချိုးဖောက်လျက် နယ်မြေကျော်လွန်လှုပ်ရှားမှု များ ဆောင်ရွက်၍ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းလျက်ရှိကြောင်း၊ ၄င်းအပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ၀မ်လီကျေးရွာအုပ်စု၊ ကောင်းဆန်းရွာနေ (အဘ)လုံးဆန်ယွမ်း၊ (အမိ)ဒေါ်ပါ့မို၏ သမီး မနန်းဦးဆာ (၁၇)နှစ်အား ခမရ (၁၃၁)မှ တသ မင်းအောင်မှ အဓမ္မပြုကျင့် သတ်ဖြတ် ခဲ့ကြောင်း ဖော်ပြလျက် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုအားပြိုကွဲစေရေးရည်ရွယ်သည့်ဆောင်ရွက်ချက်များ ပြုလုပ်လာခဲ့ ပေသည်။
၎င်းဝါဒဖြန့်ချီရေးစာစောင်များတွေ့ရှိရချိန်တွင် မိမိအနေဖြင့် စိုးရိမ်စိတ်များဝင်ခဲ့ရပါသည်။ အကြောင်းမှာ မိမိသည် ရှမ်းမြောက်ဒေသအတွင်း ရှမ်းလူမျိုး/ ရှမ်းပြည်သူများအား ကိုယ်စားပြုနေသည့် လူတစ်ဦးဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ရှမ်းမြောက်ဒေသအတွင်း ဖြစ်ပေါ်နေသော အခြေအနေ များအား မိမိတို့အနေဖြင့်အသိဆုံးဖြစ်ပါသည်။ ရှမ်းပြည်သူလူထု၏ အဖြူရောင်စိတ်ထားများအား အရောင်ညစ်ထေး အစွန်းမခံလိုသောကြောင့် ယခု တင်ပြချက်များအား ဖော်ပြ လိုက်ရပေသည်။
RCSS/SSA အဖွဲ့၏ ဥက္ကဌ ဦးရွက်ဆစ်အနေဖြင့် နိုင်ငံတော် သမ္မကြီးနှင့် တွေ့ဆုံခဲ့သည့် ခရီးစဉ်အပြီး ၂၀၁၃ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ရှမ်းမြောက်ဒေသ ၊ ကျောက်မဲမြို့၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ ဒေသခံ ရှမ်းတိုင်းရင်းသားများမှ RCSS/SSA အနေဖြင့် နယ်မြေအတွင်း ဆက်ကြေးများ ကောက်ခံ နေမှုအား ခွင့်ပြုထားပါသလားဟု မေးမြန်းမှုအား RCSS/SSA ဥက္ကဌအနေဖြင့် ဟိုလိုလို ဒီလိုလို ဖြေကြား ခဲ့ပါသည်။ ၄င်းနောက်ပိုင်းတွင် ဆက်ကြေးကောက်ခံမှု နည်းဗျူဟာအသစ်အဖြစ် မူးယစ် ဆေးဝါး တိုက် ဖျက်ရေးအကြောင်းပြလျက် တရားမ၀င်အချုပ်ခန်းများတည်ဆောက်ကာ မူးယစ်ဆေးစွဲ ရှမ်းလူမျိုး များအား ဖမ်းဆီးချုပ်နှောင်ပြီးတစ်ဦးလျင်၁သိန်း၊အချို့မှာ၂သိန်းစသည်ဖြင့်ပြန်လည်ရွေးစေခြင်းဖြင့်လက်တစ်လုံးကြား ဆက်ကြေးကောက်ခံလျက်ရှိကြောင်းအများသိရှိစေရေးဖော်ပြ အပ် ပေသည်။ 
 ထို့အတူ RCSS/SSA အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ၄ ကြိမ်ဆောင်ရွက်ခဲ့ပြီး သဘောတူညီ ချက်များအရ RCSS/SSA အဖွဲ့ဝင်များသည် ဟိုမိန်းမြို့နယ်ခွဲနှင့် မုန်းထမြို့နယ်ခွဲအတွင်း နေထိုင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်သဘောတူခဲ့ပါသည်။သို့သော်လည်းရှမ်းမြောက်ဒေသအတွင်း နောင်မတာ ဒေသတွင် တရားမ၀င်အခြေစိုက်စခန်းများတည်ဆောက်အခြေပြုလာခဲ့သည့်အပြင်လက်ရှိအခြေအနေတွင် ကျောက်မဲ   ဒေသအတွင်းနယ်မြေကျော်လွန်လှုပ်ရှားလျက်လူသစ်စုဆောင်းခြင်း၊ဆက်ကြေး ကောက်ခံခြင်းများ   ဆောင်ရွက်လျက်ရှိသောကြောင့် ရှမ်းပြည်သူလူထုမှ RCSS/SSA တစ်မျိုး၊ SSPP/SSA က တစ်ဖုန် ဒုက္ခပင်လယ်ဝေလျက်ရှိပေသည်။ 
သို့ဖြစ်ပါ၍ ရှမ်းပြည်သူလူထုအနေဖြင့် ရှမ်းနှစ်သစ်ကူးနေ့တွင် လိုလားတောင့်တလျက်ရှိသည့် ဆန္ဒများမှာ “ ရှမ်းပြည်နယ်ကြီး၏ ထားဝရ ငြိမ်းချမ်းရေးပင် ” ဖြစ်ပါသည်။ထာဝရ ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် ပဋိပက္ခများ မရှိရန်လိုပေသည်။ ယခင်အတိတ် သမိုင်းကြောင်းများအရ နိုင်ငံရေးလိုလား ချက်များကို လက်နက်ကိုင်တောင်းဆိုခဲ့သော်လည်းယခုအခါတွင်နိုင်ငံရေးလိုလားချက်များအားလက်နက်ကိုင် တောင်း ဆိုစရာမလိုဘဲ နိုင်ငံရေးစားပွဲဝိုင်းတွင် သတ္တိရှိရှိ အရည်အချင်းမှီမှီ ယှဉ်ပြိုင် တောင်းဆိုသင့်ပါသည်။ သို့သော်လည်း အနေချောင်၊ အစားချောင် လက်နက်ကိုင်လမ်းစဉ်အား မစွန့်လွှတ်လိုပဲ ရှမ်းပြည် ပြန်လည်ထူထောင်ရေး အသံကောင်းဟစ်လျက်ရှိပါသည်။ မည်သို့ပင်ဆိုစေ ရှမ်းပြည်သူလူထု အားလုံးမှ ရှမ်းနှစ်သစ်ကူး လက်ဆောင်အဖြစ် လိုလား တောင့်တလျက် ရှိသည်မှာ “ ရှမ်းပြည်နယ်ကြီး၏ထာဝရငြမ်းချမ်းရေးပင်”ဖြစ်ပါကြောင်းရှမ်းပြည်လူထုကိုယ်စားဖော်ပြလိုက်ရ ပေသည်။
No comments:
Post a Comment