Sunday, December 22, 2013

ခရီးသွားအ၀င် မြင့်တက်လာသော်လည်း အင်းလေးဒေသသို့ ယခုလပိုင်းအတွင်း သွားရောက်လည်ပတ်မှု ယခင်နှစ်များကထက် လျော့ကျနေ

23 Dec 2013

ယခုနှစ်ခရီးသွားအ၀င်မှာတစ်သန်းကျော်ဝင်ရောက်လာသော်လည်းအင်းလေးဒေသသို့သွားရောက် လည် ပတ်သော ပြည်ပခရီးသွားများမှာယခုလပိုင်းအတွင်း လျော့ကျနေကြောင်းအင်းလေးဒေသမှသိရသည်။ အဆိုပါအင်းလေးဒေသသို့အ၀င်နည်းပါးခြင်းမှာယခင်နှစ်များကထက်သိသိသာသာ လျော့နည်း နေခြင်းဖြစ်   ကြောင်း၊ထိုသို့လျော့နည်းရခြင်းမှာလည်း အင်းလေးဒေသသို့  F.I.T  (မိမိအစီအစဉ်ဖြင့်မိမိ လာရောက်သည့်
ခရီးသွား)များလာရောက်ရန်သယ်ယူပို့ဆောင်ရေး အားနည်းနေသည့် အပြင်PackageTour(ကုမ္ပဏီအစီအစဉ်   ဖြင့်လာရောက်လည်ပတ်သည့်ခရီးသွား)များလည်း   ကျဆင်းနေသောကြောင့်ဖြစ် ကြောင်း  မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းရှင်များအဖွဲ့ အင်းလေးဇုန်ဥက္ကဋ္ဌကဆိုသည်။    “မနှစ်ကဒီလိုအချိန်မှာ   အရမ်းများတာ  နိုဝင်ဘာ   လောက်ကတည်းက  ကျသွားတာ။    မနှစ်ကဆိုရင်ကားရပ်စရာ    နေရာတောင်မရှိလောက်အောင် ခက်ခဲ ခဲ့တယ်။ အခုချိန်မှာအ၀င်ပါးတယ်။

တချို့နာမည်ကြီး ဧည့်လမ်းညွှန်တွေတောင် နားနေရတယ်။ ဒီလကုန်ခါနီး ခရစ္စမတ်ပြီးရင်တော့ ခရီးသွားပြန်ဝင်လာဖို့တော့ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီနှစ်မှာ Package Tour ကျသွားပြီး F.I.T ပိုဝင်ရောက်လာတာလည်းပါတယ်။ ပုဂံမှာက အ၀င်များတာကတော့ F.I.T တွေကြောင့်ပေါ့။ အင်းလေးမှာက အ၀င်နည်းရတာကF.I.Tတွေအတွက်လည်ပတ်ဖို့ကလိုင်းကားတွေမရှိတာလည်း ပါတယ်။သူတို့ဘာသာ သူတို့သွားလာဖို့အဆင်မပြေဘူးပေါ့”ဟုအင်းလေးဇုန်ဥက္ကဋ္ဌဦးဇော်ဌေးအောင်က   ပြောကြားသည်။ 

 ယခုနှစ် နိုဝင်ဘာလကုန်အထိ စာရင်းများအရ ခရီးသွားအ၀င်မှာ ၁ ဒသမ ၈ သန်းနီးပါး ရှိပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှသိရသည်။ အဆိုပါ ခရီးသွားမြင့်တက်လာခြင်းမှာ (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်သို့လာရောက်သောနိုင်ငံခြားသားများသာများပြားခြင်းဖြစ်ကြောင်းလည်း ခရီးသွား လုပ်ငန်း နယ်ပယ်များမှ သိရသည်။ 

Myawaddy new

No comments:

Post a Comment