SSA(၀မ်ဟိုင်း)အဖွဲ့သည် နောင်ချိုမြို့နယ်၊သုံးဆယ်ကျေးရွာနှင့်ဆမ္မဆယ်ကျေးရွာကြားတွင် လက်နက် များကိုင်ဆောင်၍ထုံး၊ ထင်းတင်ဆောင်လာသောယာဉ်များအားဆက်ကြေးကောက်ခံ နေကြောင်းသိရ သည်။
ယခုလတ်တလောဖြစ်စဉ်တစ်ခုမှာ၂၀၁၃ခုနှစ်၊ဒီဇင်ဘာလ၁၁ရက်နေ့က တင်မိုးလွင် ၂၈ နှစ်(ဘ)ဦးတင်ငွေ သည် ဟိုခိုကျေးရွာဘက်မှ ထော်လာဂျီဖြင့် ထုံး၊ ထင်းများသယ်ဆောင် မောင်းနှင်လာစဉ် သုံးဆယ်ကျေးရွာနှင့်
ဆမ္မဆယ်ကျေးရွာအကြား SSA (၀မ်ဟိုင်း)အဖွဲ့ မှ ၁၀ ဦးသည် လက်နက်ဖြင့် ခြိမ်းခြောက်၍ ယာဉ်အား ရပ်တန့်စေပြီး ငွေကျပ် ၁သိန်းပေးရန်ပြောခဲ့ပါသည်။ ယာဉ်မောင်းမှပိုက်ဆံမပါကြောင်း ပြန်လည်ပြောဆိုခဲ့ရာ SSA (၀မ်ဟိုင်း) အဖွဲ့မှ ယာဉ်နောက်လိုက် ဆန်းမင်းနိုင် (ဘ) ဦးအောင်မင်းထွန်းအား ငွေကျပ် ၁ သိန်းဖြင့် လာရောက်ရွေးယူရန်ပြောဆိုပြီး ဆန်းမင်းနိုင်အား ဖမ်းဆီးခေါ်ဆောင်ကာ ဒိုးပင်- ဟိုခို- နောင်ချိုကားလမ်း အရှေ့ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။
ဆန်းမင်းနိုင်၏မိဘများမှာစိုးရိမ်စိတ်များနှင့်အတူ သားဖြစ်သူ ပြန်လည် လွတ်မြောက်ရေး အတွက် ငွေကျပ် ၁ သိန်းဖြင့်ရွေးယူခဲ့ရကြောင်း နောင်ချိုဒေသခံတစ်ဦးပြေပြချက်အရ သိရှိရပါသည်။ ထိုကဲ့သို့ SSA (၀မ်ဟိုင်း)အဖွဲ့၏ လုပ်ရပ်များသည်ပြည်သူလူထုအပေါ် ၀န်ထုပ်ဝန်ပိုးဖြစ်စေသည့်ဥပဒေမဲ့ လုပ်ရပ်များ ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
No comments:
Post a Comment