28 Dec 2013
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းမှုများ အလေးထား ဆောင်ရွက်မှုကြောင့် ဒီဇင်ဘာလ ၂၅ရက်နေ့တွင်ကွတ်ခိုင်မြို့နယ် ရှောက်ဟော်ကျေးရွာမှ ဘိန်းချက်စခန်း တစ်ခုနှင့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မူဆယ်မြို့နေ မလှလှဝင်းနေအိမ်မှ ဘိန်းဖြူ ၆၀၀ ဂရမ် ဖမ်းဆီးရမိကြောင်းသိရသည်။
လားရှိုးမူးယစ်အဖွဲ့မှ ဒီဇင်ဘာ၂၅ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်ရှောက်ဟော်ကျေးရွာတွင် မူးယစ်ဆေးဝါး
ချက်လုပ်နေသည့် နေရာအားသတင်းအရ သွားရောက်ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးဝါးချက်လုပ်သူ ရန်ကွယ်ကျိုက် (၁၇)နှစ်၊ လီကွယ်ရှီး (၁၆)နှစ်၊ ကွယ်ရုတ်နိုင် (၁၈)နှစ်တို့အား နေအိမ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့် ဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိကြောင်းသိရသည့်။ ဖမ်းဆီးခံရသူ(၃)ဦးမှာ တရုတ်လူမျိုး များဖြစ်ပြီး ဆက်လက်ဖော်ထုတ်ချက်အရ ကျေးရွာအနီး မူးယစ်ဆေးဝါးချက်လုပ်သည့် ယာယီတဲ ၃ လုံးနှင့် လက်နက်များပါ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
မူဆယ်မြို့တွင်လည်း ဒီဇင်ဘာလ ၂၇ ရက်နေ့က မူးယစ်အဖွဲ့များမှ စွမ်စော်ရပ်ကွက်၊ စီးကရက်စက်ရုံအနီး စိုက်ပျိုးရေးခြံရှိ လိအားတွမ်(ခ) မလှလှဝင်း နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဆပ်ပြာခွက် ၁ ခွက်လျင် ဘိန်းဖြူ ၁၂ ဂရမ်ပါ ဆပ်ပြာခွက် (၅၀)ခွက် ကာလတန်ဖိုး ကျပ်သိန်း (၁၂၀)ဖိုး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရှမ်းမြောက် ဒေသတွင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများအားယခုထက်ပိုမို အလေးထားဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
No comments:
Post a Comment