2 March 2013
၂၀၁၃ခုနှစ်၊ ဖေဖော်ရီလ (၂၇)ရက်နေ့ ညနေပိုင်းတွင် TNLA ပလောင်သောင်းကျန်းသူအဖွဲ့သည် လက်နက် ကိုယ်စီကိုင်ဆောင်လျက် နမ့်ဆန်မြို့နယ်၊ မန်လုံကျေးရွာအုပ်စု တာလိတ်ရွာသို့ ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။
အဆိုပါ TNLA သောင်းကျန်းသူအဖွဲ့သည် ရွာတွင် နေထိုင်သော မောင်လှမောင်အား ၄င်းတို့အဖွဲ့အတွက် တပ်သားသစ်အဖြစ်စုဆောင်းရန်ရှာဖွေခဲ့ကြောင်းသိရသည်။ သို့သော်လည်း ထိုရွာသားမှာ TNLA သောင်းကျန်းသူအဖွဲ့အတွင်းသို့ မ၀င်ရောက်လိုသောကြောင့် ထွက်ပြေးတိမ်းရှောင်နေခဲ့သည်။

၎င်းTNLA သောင်းကျန်းသူအဖွဲ့မှ အင်အား (၇)ဦးခန့်သည် ဖေဖော်ဝါရီ(၂၈)ရက်နေ့ နေ့လည် (၁၂)နာရီတွင်လက်နက်ကိုယ်စီကိုင်ဆောင်လျက်တာလိတ်ကျေးရွာသို့ထပ်မံရောက်ရှိလာပြီး မောင်လှမောင်အား မတွေ့ရှိသဖြင့် ၄င်း၏အဖေဖြစ်သူ
ဦးစိန်မောင် (၅၃)နှစ်နှင့် အစ်ကို ၀မ်းကွဲတော်စပ်သူ စိုင်းမြင့်အောင် တို့(၂)ဦးအား ရွာ၏မြောက်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ရွာသား(၂)ဦးအား မတ်လ(၁)ရက်နေ့တွင် အဆိုပါ TNLA သောင်းကျန်သူအဖွဲ့မှ ရွာ၏မြောက်ဘက် တောစပ်တစ်နေရာတွင် လက်ပြန်ကြိုးတုပ်၍ စိုင်းမြင့်အောင်၏ လည်ဂုတ်၊ ၀ဲပုခုံး နှင့် ဦးမောင်စိန်၏ ၀မ်ဗိုက်နှင့် ဒူးခေါင်းတို့အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရပါသည်။
No comments:
Post a Comment