ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ ပရိုဂမ်မာလို့ အသတ်မှတ်ခံရတဲ့ သူက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ Ada Lovelace လို့အမည်ရတဲ့ ဗြိတိန်ဖွား အင်္ဂလိပ် အမျိုးသမီး ဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်မှာပဲ ကမ္ဘာ့ပထမဆုံးကွန်ပြူတာပရိုဂရမ်တစ်ခုကိုရေးဆွဲထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။
အသက်ငယ်စဉ်ကတည်းက သင်္ချာပညာကိုတစ်စိုက်မတ်မတ်လေ့လာသူဖြစ်ပြီးအသက် ၁၇ နှစ်ကစလို့ ဖော်မြူလာ သစ်များ ထုတ်ဖော်တွက် ချက်နိုင်ခဲ့ပါတယ်။ အီတလီနဲ့ အခြား ဥရောပစာရေးဆရာကြီးများရဲ့ ရသ၊ အင်ဂျင်နီယာနဲ့သင်္ချာပညာရပ်စာအုပ်များကိုလည်းဘာသာပြန်ရေးသားခဲ့ပါတယ်။
၁၈၁၅ ခု ဒီဇင်ဘာလ ၁၉ ရက်ဖွားပြီး အသက် ၃၇ နှစ်အရွယ် (၁၈၅၂ ခု၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ကွယ်လွန် ခဲ့ပါတယ်။ အသက် ဆယ်ကျော်သက်မှာပဲ သင်္ချာပညာရပ်မှာ အထူးချွန်ဆုံး ဖြစ်ခဲ့ပြီး အသက် ၂၀ ကျော်တော့ ကွန်ပြူတာဆိုင်ရာ သင်္ချာပညာရပ်နဲ့အနီးစပ်ဆုံးဖြစ်ခဲ့ပါတယ်။ Logic သဘောတရား တွက်ချက်မှုမှာဝါသနာထုံပြီး၁၈၄၂ခုနှစ်မှာသူ့ရဲ့ပထမဆုံးကွန်ပြူတာပရိုဂရမ်ကိုမိတ်ဆိက် ပြသနိုင်ခဲ့ပါတယ်။
ကွန်ပြူတာမှာ အသုံးပြုဖို့အတွက် အယ်လ်ဂေါ်ရစ်သမ်လို့ခေါ်တဲ့ တွက်ချက်ခြင်းဆိုင်ရာ ပညာရပ်ကို ထုတ်ဖော်ပြသနိုင်ပြီး ယနေ့တိုင် စံနမူနာယူစရာ ပညာရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ input ထည့်ပြီးရင် အဖြေမှန် ထွက်အောင် အလိုအလျောက်တွက်ချက်ထုတ်ဖော်ပေးတဲ့ Logic ဖြစ်ပြီး ပထမဆုံး ကွန်ပြူတာ ပရိုဂရမ်အဖြစ်အားလုံးအသိအမှတ်ပြုခဲ့ပါတယ်။
ဒါကြောင့် Ada Lovelace အမည်ရ အမျိုးသမီးငယ် လေးဟာ ကမ္ဘာ့ပထမဦးဆုံးကွန်ပြူတာဂရိုဂမ်အဖြစ်အများကအသိအမှတ်ပြု လက်ခံခဲ့ကြောင်း သိရပါတယ်။
No comments:
Post a Comment