Friday, March 1, 2013

ရှမ်းပြည်တပ်မတော် SSPP/SSA (၀မ်ဟိုင်း) မှ ရွာသားတစ်ဦးအား မူးယစ်ဆေးဝါး သုံးစွဲ / ရောင်းဝယ်သည်ဟုအကြောင်းပြကာ ငွေကျပ်သိန်း ၃၀ တောင်း

1 March 2013




 ဖေဖော်ဝါရီ ၂၃ ရက်နေ့နံနက်(၁)နာရီအချိန်ခန့်တွင် ရှမ်းပြည်တပ်မတော် SSPP/SSA (၀မ်ဟိုင်း)မှ အင်အား(၅)ဦးခန့်သည် သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု၊ ပြိန်းဆိုင်းကျေးရွာသို့ ရောက်လာပြီး ၄င်းကျေးရွာတွင်နေထိုင်သော ရွာသားတစ်ဦးအား မူးယစ်ဆေးဝါးသုံးစွဲ / ရောင်းဝယ်သည်ဟု အကြောင်းပြကာ၎င်းပြိန်းဆိုင်းကျေးရွာ၏အနောက်တောင်ဘက်တောအုပ်အတွင်းသို့ ဖမ်ဆီးခေါ်ဆောင် သွားခဲ့ကြောင်းသိရသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ရှမ်းပြည်တပ်မတော်SSPP/SSA(၀မ်ဟိုင်း) မှ ဖမ်းဆီးသွားသော ပြိန်းဆိုင်ရွာသားမှာ ၄င်းကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။ ၄င်းရွာသားထံမှ သိရှိချက်အရ အဆိုပါ ရှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့သည် ၄င်းရွာသားထံမှ ငွေကျပ်သိန်း ၃၀ တောင်းပြီ ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။

သီပေါမြို့နယ် အတွင်းရှိ ကျေးရွာနေတိုင်းရင်းသားပြည်သူများ၏ ပြောပြချက်အရ ၄င်းတို့ ရှမ်းပြည်တပ်မတော်SSPP/SSA(၀မ်ဟိုင်း) အဖွဲ့သည် ထိုကဲ့သို့ အလားတူလုပ်ရပ်များကို မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment