Friday, March 22, 2013

တစ်နေ့တာမှာ စိတ်ညစ်စရာ၊ စိတ်ပင်ပန်းစရာ အခိုက်အတန့်တို့ ကြုံတွေ့လာရင် ချက်ချင်း စိတ်ရွှင်လန်းသွားစေဖို့


23March 2013

ပြုံးပါ။ရယ်မောတာကစိတ်ဖိစီးမှုကိုလျော့ကျစေတဲ့အကြောင်းတစ်ခုက သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး   နှလုံးရောဂါဝေဒနာတွေကိုလျော့ကျစေလို့ပါ။ 

 ပန်းအိုးထားရှိပါ။ရနံ့သင်းပျံ့တဲ့ပန်းပွင့်တွေထိုးထားတဲ့ ပန်းအိုးတစ်လုံးကိုသင့်အနားမှာ ထားရှိ တာကြောင့်
စိတ်ညစ်၊ စိတ်ပင်ပန်းမှုတွေပြေလျော့စေပြီး စိတ်ခံစားမှုကို ချက်ချင်းကောင်းမွန်လာစေပါတယ်။

 အိပ်ခန်းနှင့်ရေချိုးခန်းရှိလိုက်ကာများကိုတောက်ပသောအရောင်များသုံးပါ။သင်အိပ်ရာနိုးနိုးချင်းစိတ်ပျော်ရွှင် ကြည်နူးမှုရရှိစေဖို့အိပ်ခန်းနဲ့ရေချိုးခန်းလိုက်ကာတွေကို အရောင် တောက်ပတာရွေးပါ။ 

 ချစ်ခြင်းမေတ္တာကိုတန်ဖိုးထားပါ ။သင့်ဘဝအဖော် ဒါမှမဟုတ် သင့်ချစ်သူနဲ့ တစ်နေ့မှာ မိနစ် ၂၀ ကြာ စကားပြောတာက သင့်ကို ပိုမို ပျော်ရွှင်ကျန်းမာလာစေပါတယ်။ အသက်ပြင်းပြင်းရှူပါ။အလုပ်လုပ်ရင်း စိတ်ဖိစီးလာရင်အလုပ်စားပွဲမှာအသက်ပြင်းပြင်းရှူသွင်း၊ရှူထုတ်လုပ်ပေးတာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ပါတယ်။ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာကြောင့်စိတ်တည်ငြိမ်သွားစေပြီး တစ်နေ့လုံး အလုပ်တွင် ကျယ်နေစေပါတယ်။ 

 ရေခဲစိမ်သစ်သီးဖျော်ရည်သောက်ပါ။သင်ကြိုက်တဲ့သစ်သီးကိုအဆီထုတ်ထားတဲ့ နို့နဲ့ ရောမွှေပြီး  ရေခဲထည့် ကာ သောက်ပေးပါက စွမ်းအင်အဆင့် ကို ချက်ချင်းမြင့်တက်လာစေပါတယ်။ 

 ခေါင်းဖြီးပြီးအလှပြင်ပါ။ဆံပင်ကိုတင်းကျပ်အောင်စုချည်ပြီးဖိုသီဖတ်သီနေတာကြောင့် ခေါင်းကိုက် စေနိုင်ပါ တယ်။ စိတ်စွမ်းအင်မြင့်တက်လာစေဖို့ ခေါင်းဖြီးပြီး အလှပြင်လိုက်ပါ။

No comments:

Post a Comment