Written by အာကြီး
လူသားတို့ လောကတွင် တာဝန်သိပြီး တာဝန် ကျေပွန် သူကို ကောင်းကျိုး ချမ်းသာ မင်္ဂလာနှင့် ပြည့်စုံသော လူတော် လူကောင်း အဖြစ် ထိုသူ၏ ဂုဏ်သိက္ခာကို ချီးမွမ်းကြသည်။ မိဘ တာဝန်ကို သိပြီး မိဘ တာဝန် ကျေသူများကို မိကောင်း ဖခင်များ အဖြစ်၊ သားသမီး တာဝန်ကို သိပြီး သားသမီး တာဝန် ကျေသူများကို သားသမီးကောင်း ရတနာများ အဖြစ် လောကဂုဏ်ဖြင့် ချီးမွမ်းကြ သည်။ ထို့အတူ ဆရာနှင့် တပည့်၊ ရပ်ရွာ နှင့် ရပ်ရွာသူ ရပ်ရွာသား၊ နိုင်ငံနှင့် နိုင်ငံသား စသည့်
လူမှု ပတ်ဝန်းကျင် အသီးသီးတွင် တာဝန်သိပြီး တာဝန် ကျေသူများအား လူကောင်း သူကောင်းများ အဖြစ် ယဉ်ကျေးသော လူမှု ပတ်ဝန်းကျင် အားလုံးက အသိအမှတ် ပြုကြသည်။ ယနေ့ နိုင် ငံတော် အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲရေးကို တတိယ လုပ်ငန်းစဉ် အဖြစ် ဆောင်ရွက်လျက် ရှိရာ ဝန်ထမ်း အဖွဲ့အစည်းများသည် နိုင်ငံတော် အကျိုး ဖြစ်ထွန်းရေး အတွက် ဖွဲ့စည်းထားခြင်း ဖြစ် သဖြင့် ကျင့်ဝတ် စောင့်ထိန်း၍ စည်းကမ်းလိုက်နာသော ဝန်ထမ်းများ ဖြစ်ရန် လိုအပ် သည်။ နိုင်ငံ့ ဝန်ထမ်းတို့သည် သတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို စောင့်ထိန်း လိုက်နာပြီး လုပ်ငန်း ကျွမ်းကျင်မှု အစဉ်တိုးတက် နေစေခြင်းဖြင့် ဝန်ထမ်း အဖွဲ့အစည်းများ၏ စွမ်းဆောင် ရည် မြင့်မား စေရေးကို ဦးတည်ချက် ထားရမည် ဖြစ်သည်။ ဝန်ထမ်းတို့သည် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် ခံစားခွင့်များကို သိရှိရုံနှင့် မလုံလောက်ပါ။ ဝန်ထမ်း စည်းကမ်း ထိန်းသိမ်းရေး ပိုင်းကိုလည်း သိရှိနားလည် သဘောပေါက် မှသာ ဝန်ထမ်းရေးရာ ကိစ္စများ ဆောင်ရွက်ရာတွင် လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင်မည် ဖြစ် သည်။ နိုင်ငံတကာ အဖွဲ့အစည်း များ၏ ဝန်ထမ်းရေး ရာ ဆွေးနွေးပွဲများတွင် အဂတိ လိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှု၊ လုပ်ပိုင်ခွင့်နှင့် အာဏာကို အလွဲသုံးမှု၊ ဥပဒေနှင့် မညီညွတ်သော ကိုယ်ကျိုးစီးပွား ရှာမှုတို့ကို ကာကွယ် တားဆီးရေးနှင့် တိုက်ဖျက်ရေး များအား အလေးပေး တင်ပြ ဆွေးနွေးကြကြောင်း တွေ့ရသည်။ ဒုတိယ အလေးပေး တင်ပြသည့် အချက်မှာ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အရည်အသွေး ပြည့်မီပြီး ပြည့်စုံ လုံလောက်သော သွက်လက် ထက်မြက်မှုဖြင့် ဝန်ဆောင် ပေးနိုင်ရန် အရေးကြီးကြောင်း ဆွေးနွေးကြသည်။ နိုင်ငံ့ ဝန်ထမ်း များသည် ကောင်းမြတ်သော ကျင့်ဝတ် စံတန်ဖိုးများနှင့် အညီ ပြုမူကျင့် သုံး ဆောင်ရွက်ကြ ခြင်း အားဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ကို တိုးတက် ဖြစ်ပေါ်စေနိုင်မည် ဖြစ်သကဲ့သို့ သန့်ရှင်း သော အစိုးရ အဖြစ်သို့ တက်လှမ်း ရောက်ရှိနိုင်မည် ဖြစ်သည်။ ထို့ အပြင် နိုင်ငံသားများ မျက်မှောက်တွင် စံနမူနာ ကောင်းများပြ၍ ဂုဏ်ယူ ဝင့်ကြွားစွာ ရပ်တည်နိုင်မည် ဖြစ်သကဲ့ သို့ ပြည်သူ လူထုနှင့် စီးပွားရေး အဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံ သူများ၏ ချစ်ခင် လေးစားမှုနှင့် ယုံကြည် ကိုးစားမှုတို့ ပိုမို ရရှိမည်ဖြစ်သည်။ နိုင်ငံ့ ဝန်ထမ်းများ တာဝန်သိ တာဝန် ကျေပွန်မှုနှင့် ဝန်ထမ်းစည်းကမ်း လိုက်နာမှု ကောင်းမှသာ နိုင်ငံတော် ၏ နိုင်ငံရေး၊ စီးပွားေ ရးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းများ အောင်မြင်နိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံ့ ဝန်ထမ်းတို့သည် အခွင့် အရေးကို မပိုမလို ခံစား သုံးစွဲတတ်ရန် လိုသည်။ အခွင့်အရေးနှင့် ဒွန်တွဲလျက် ရှိသော တာဝန်တို့ကို ကြည်ဖြူစွာ ထမ်းဆောင်ရသည်။ အခွင့်အရေးကိုသာ ယူလိုပြီး တာဝန်ကို ရှောင်ဖယ် လိုပါက အခွင့် အရေးများ ဆုံးပါး ပျောက်ကွယ် သွားကြလိမ့်မည် ဟူ၍ တို့ပြည်ေ ထာင်စု မြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ(၁၉၄၇) စာအုပ် ရေးသားသူ ဒေါက်တာ မောင်မောင်က နိုင်ငံ့ ဝန်ထမ်းတို့၏ တာဝန်နှင့် အခွင့် အရေးကို ရေးသားခဲ့ခြင်း ဖြစ်ပေသည်။ ။
No comments:
Post a Comment