Tuesday, March 12, 2013

နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်


13 March 2013

နံနံပင်နဲ့ကျောက်ကပ်ကုနိုင်ပါတယ်။ဒါကအိန္ဒိယကနေအာရှအထိပျံ့နှံ့လာတဲ့သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံ တကာဆေးပညာရှင်များပါလက်ခံအသုံးပြုနေပြီဖြစ်တယ်လို့သိရပါတယ်။ ကျောက်ကပ်ကခန္ဓာကိုယ်တွင်း   သွေးထဲကအညစ်အကြေး၊ဆား၊ စွန့်ပစ်ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်  ပေးပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေကအစမှာ ပါဝင် သမျှသောမလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေးပါတယ်။ လူစဖြစ်ကတည်းက ယနေ့
အသက်ရှင်တဲ့အချိန်အထိမနားမနေအလုပ်လုပ်နေရပြီးအထူးဂရုစိုက်ရန်လိုအပ်ပါတယ်။

ဂရုစိုက်ဖို့ဆိုတာကျောက်ကပ်ကိုသန့်ရှင်းနေစေဖို့ဖြစ်ပါတယ်။ယနေ့အမျိုးသမီးရော၊အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက်လာပါတယ်။အဓိကကတော့ရေဓာတ်လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်းပိုးဝင်မှု တို့ကြောင့်ဖြစ်ပြီး ဒါတွေကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်းများစွာပေါ်လာပါတယ်။ခွဲစိတ်ကုသစရိတ်စကလည်းမနည်းပါဘူး။ ဆေးလည်းဈေးကြီးပါတယ်။ 

ဒါကြောင့်ဘယ်ရောဂါမဆို မဖြစ်လေကောင်းလေပဲမို့ကျောက်ကပ်ရောဂါမဖြစ်အောင် လူတိုင်းလုပ်နိုင်တဲ့  နည်းလမ်း  ရှိပါတယ် /မြန်မာငွေကျပ်တစ်ထောင်တက်ပိုမကုန်ပါဘူး။

အသုံးပြုရန်နည်းလမ်း

အပေါ်ပုံကပြထားတဲ့အတိုင်းနံနံသို့တည်းမဟုတ် ရိုးရိုးနံနံ(၁၀)ပင်မှအပင်(၁၅)ပင် ကြားကိုပဲနုတ်နုတ် ဆင်းပြီးပုံမှာပြထားတဲ့ရေတစ်ခွက်စာဖြည့်ထားတဲ့ရေနွေးအိုးထဲထည့်၁၀မိနစ်လောက်ကြိုချက်ပေးရ ပါမယ်။ ရလာတဲ့အရည်မှနံနံရွက်များကို စစ်ထုတ်ပြီးပြုတ်ရည်တစ်ခွက်ကိုအအေးခံပြီး   သောက်ရပါတယ်။   ကျောက်ကပ်ရောဂါ ရှိသူများ၊ ရှိရန်အစပျိုးသူများအနေနဲ့နေ့စဉ်သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက်တစ်ပတ်တစ်ကြိမ်သို့တည်းမဟုတ်(၁၀)ရက်တစ်ကြိမ်လောက်ပုံမှန် စွဲသောက်ခြင်းဖြင့်   ကျောက်ကပ် အမြဲသန့်ရှင်းနေစေမယ့်လို့ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်း ဆိုရင် နံနံရဲ့ သစ်ဥ ၊မြစ်ဥကိုပါထည့်ပြုရပါတယ်။သို့ပေမယ့်နိုင်ငံတကာမှာတော့အရွက်ကိုထည့်ပြုတ်ရုံနဲ့ လုံလောက် ပါတယ်။ နံနံပင်ကလည်းဘယ်နေရာမှာမဆိုအလွယ်တကူရရှိနိုင်တဲ့အတွက်ဈေးသက်သက်သာသာနဲ့  ကျောက်ကပ်   ရာဂါကာကွယ်နိုင်အောင်ကုသနိုင်အောင်မျှဝေ လိုက်ရပါတယ်။

No comments:

Post a Comment