Friday, March 29, 2013

ပြစ်ဒဏ်စေ့လွတ်မြောက်သူတရုတ်နိုင်ငံသား(၉)ဦးအား ပြည်နှင်လွဲပြောင်းရန်ဆောင်ရွက်စဉ်ကာလအတွင်း မူဆယ်ရဲစခန်းတွင် ထိန်းသိမ်းထား


30 March 2013

 မူဆယ်မြို့ကောင်းမှုတုံရပ်ကွက်ဆင်ဖြူဈေး(၃)ထပ်ဆောင်ရှိလောင်းကစားဝိုင်းမှဖမ်းဆီးရမိသည့်မြန်မာနိုင်ငံ သားကျား(၄)ဦး၊မ(၃)ဦးနှင့်တရုတ်နိုင်ငံသားကျား(၇)ဦး၊မ(၂)ဦးပေါင်း(၁၆)ဦးတို့အားစက်တင်ဘာလ(၂၇)
ရက်နေ့ကအရေးယူဖမ်းဆီးပြီးအလုပ်နှင့်ထောင်ဒဏ်(၆)လစီကျခံစေရန်အမိန့်ချမှတ်ခဲကြောင်းသိရပါသည်။

အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူ(၁၆)ဦးအားချုပ်ရက်(၆)လအားပြစ်ဒဏ်မှ ထုတ်နုတ်ခံစားခွင့်ရရှိပြီး ပြစ်ဒဏ်စေ့ လွတ်မြောက်ခဲ့သဖြင့်တရုတ်နိုင်ငံသား(၉)ဦးအားမူဆယ်မြို့နယ်လ၀ကမှတရုတ်နိုင်ငံသို့လွဲပြောင်းပြည်နှင်ရန် ဆောင်ရွက်စဉ်အတွင်း မူဆယ်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရပါသည်။ ထို(၉)ဦးမှာ ကိုရင်ချွမ်း ၊ ဖုန်ဝမ်ဝူး၊ လီဟွေ့၊ ချိချွင်းရှိန်း၊ တုံးမြင်၊ ထန်းရှောက်ဝင်၊ ကျောက်ရွှေဟိုင်၊ ကျင်ဆန်(မ) နှင့် ချောက်မေ(မ) တို့ဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment