Wednesday, March 13, 2013

SSA (၀မ်ဟိုင်း)မှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အကြောက်တရားနှင့် စိုးမိုးပြီး ဆက်ကြေးကောက်ခိုင်း



13March 2013

SSA(၀မ်ဟိုင်း)၏ခြိမ်းခြောက်ပြောဆိုမှုကြောင့်သီပေါမြို့နယ်၊မိုင်းလင်းကျေးရွာအုပ်စု၊ မိုင်းလင်း ကျေးရွာ၊   ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် အမှတ်(၁၀)နယ်မြေ အတွင်းရှိကျေးရွာများမှလယ်ယာခြံမြေများအားတရုတ်လူမျိုးနှင့်ကုမ္မဏီများအားရောင်းချခြင်းမပြုရန်၊ကျေးရွာ
အနီးပတ်ဝန်းကျင်တွင်ပေါက်ရောက်နေသောသစ်ဝါးများအားခုတ်ယူခြင်းမပြုရန်ဆက်ကြေးငွေအဖြစ်ကျေးရွာ လုပ်ငန်းရှင်များထံမှဆက်ကြေးကောက်ယူရန်နှုန်းထားအား SSA(၀မ်းဟိုင်း)မှသတ်မှတ်ပေးကြောင်း သိရ သည်။SSA(၀မ်းဟိုင်း)မှကျေးရွာအုပ်ချုပ်ရေးမှူးများအား အကြောက်တရားဖြင့် စိုးမိုးထားသောကြောင့် ထိုသတ်မှတ် ထားသောငွေကြေးများအားကျေးရွာသူရွာသားများထံမှ ကောက်ယူနေသည် ဟုသိရသည်။

 ၂၀၁၃ခုနှစ်အတွက် ၄င်းတို့ သတ်မှတ်ပေးထားသောနှုန်းထားမှာ လေးလုံးထိုးထော်လာဂျီ တစ်စီးလျင် (၅၅၀၀၀)ကျပ်၊ ထော်လာဂျီ(အကြီး) တစ်စီးလျင် (၂၅၀၀၀)ကျပ်၊ ထော်လာဂျီ(အသေး) တစ်စီးလျင် (၁၀၀၀၀)ကျပ်၊သရီးဂရောင်းတစ်စီးလျင်(၂၀၀၀၀၀)ကျပ်၊ ထုံးဖိုတစ်ဖိုလျင်(၁၅၀၀၀)ကျပ်၊ ပြောင်းပွဲစား တစ်ယောက်လျင်(၁၅၀၀၀၀)ကျပ်နှုန်း ပေးဆောင်ရမည်ဆိုသောကြောင့် အကြောက်တရားနှင့် စိုးမိုး ထားခြင်းခံရသောရိုးသားဖြူစင်ပြီးမိမိတို့စားဝတ်နေရေးကိုအေးချမ်းစွာလုပ်ကိုင်စားသောက်နေကြသော   ကျေးရွာသူ ကျေးရွာသားမှာ ထိုငွေကြေးပေးရမည်ကို စိတ်သောကရောက်နေကြရကြောင်း သိရှိ ရပါသည်။

No comments:

Post a Comment