16 March 2013
သီပေါမြို့နယ်၊နမ့်လန်ရဲစခန်း၏အနောက်ဘက်(၄)ဖာလုံအကွာတွင်မတ်လ(၁၄)ရက်နေ့ည(၉)နာရီတွင် သေနတ်သံ(၂)ချက်ကြားရသောကြောင့်တာဝန်ရှိသူများမှသွားရောက်စုံစမ်းရာနမ့်လန်တိုက်နယ်ကုန်းညောင်
ရပ်ကွက်နှင့်နောင်ချိုကျေးရွာကြားရှိတောင်သူတစ်ဦးနေအိမ်အတွင်းသို့ရှမ်းလူမျိုး(၃)ဦးသည်အရပ်ဝတ်ဖြင့် သေနတ်အရှည်(၁)လက်ကိုင်ဆောင်ပြီးသေနတ်(၂)ချက်ဖောက်ကာ၎င်းတို့အိမ်ရှိမိသားစုဝင်များအားထိုင်ခိုင်း၍ အိမ်အတွင်းဗီရိုနှင့်အခြားနေရာများသို့မွှေနှောက်ရှာဖွေပြီးည(၉)နာရီ(၄၅)မိနစ်တွင်လွတ်ရုံကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း စုံစမ်းသိရှိရပါသည်။
No comments:
Post a Comment