12 March 2013
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့်KIO/KIAငြိမ်းချမ်းရေးအဖွဲ့တို့၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ၂၀၁၃ခုနှစ်၊ မတ်လ (၁၁)၇က်နေ့ နံနက် (၉)နာရီ (၁၀)မိနစ်မှ ည (၁၁)နာရီထိ တရုတ်နိုင်ငံ၊ ရွှေလီမြို့ ကျိန်းချိန်ဟိုတယ် အစည်အဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ထိုအစည်းအဝေးတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIO / KIA ငြိမ်းချမ်းရေးအဖွဲ့သည်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အစည်းအဝေးမှတ်တမ်းအားလက်မှတ်ရေးထိုး၍ ပူးတွဲ
ကြေငြာ ချက်အား ထုတ်ပြန်ခဲ့သည်။
ကြေငြာ ချက်အား ထုတ်ပြန်ခဲ့သည်။
ပူးတွဲ ကြေငြာချက်
၁။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောာင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး အပါအ၀င် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတမ်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၁၃ မတ် ၁၁၊၁၂ ရက်နေ့များတွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ရွှေလီမြို့၌တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
၂။ တွေ့ဆုံဆွေးနွေးပွဲသို့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ကိုယ်စားလှယ်(၄)ဦး ၊ SSPP /SSA မှ ကိုယ်စားလှယ်(၂)ဦး၊ RCSS မှ ကိုယ်စားလှယ် (၂)ဦး၊ NDAA မှ ကိုယ်စားလှယ်(၂)ဦး ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ကိုယ်စားလှယ် (၄)ဦး လေ့လာသူများအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongyingနှင့်(၂)ဦးတို့တက်ရောက်ခဲ့ကြပါသည်။
၃။ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့သည် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး အောက်ဖော်ပြပါ အချက်များကို သဘောတူညီကြပါသည်-
*** စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်အလှန် နားလည်မှု၊ လေစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်အခတ်ရပ်ဆိုင်းရေးရရှိသည်အထိ ဆောင်ရွက်ရန် သဘောတူညီသည်။
***၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ(၄)ရက်နေ့တွေ့ဆုံပွဲမှရလဒ်အဖြစ် တိုက်ပွဲများကို လျော့ချနိုင်ခဲ့သည်ဖြစ်ရာ ဆက်လက်၍လည်း ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များဆိုင်ရာ ကိစ္စများကို ဆက်လက်၍ ညှိနှိုင်းဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက်၊ အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေတပ်ဖွဲ့များအထိ ရောက်ရှိ အောင် ညွှန်ကြား သွားရန်သဘောတူသည်။
***ပဋိပက္ခဖြစ်ပွားသောရှေ့တန်းစစ်မြေပြင်များကိုကွင်းဆင်းလေ့လာစောင့်ကြည့်နိုင်ရေးအတွက်နှင့် နှစ်ဖက်ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းစောင့်ကြပ်ရေး၊ ရုံးများကို နှစ်ဖက်ညှိနှိုင်း၍ လိုအပ် သလိုထားရှိသွားရန် သဘောတူသည်။
*** ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်များနှင့် ၂၀၁၃ခုနှစ်၊ မတ်လ ၁၁၊ ၁၂ ရက်နေ့အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်များကို ဆက်လက်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်သဘောတူသည်။
*** နောက်တစ်ကြိမ်ဆွေးနွေးမှုကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့မတိုင်မီ ကျင်းပသွားရန် သဘော တူသည်။
၎။ စစ်မှန်သောနိုင်ငံရေးဆွေးနွေးမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။
No comments:
Post a Comment