Friday, March 1, 2013

ရှမ်းပြည်တပ်မတော် SSPP/SSA (၀မ်ဟိုင်း) မှ သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စုတွင် ဆက်ကြေးကောက်ခံပြီး လူသစ်များစုဆောင်း ပေးရန်ပြော

1 March 2013













၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ တွင် သီပေါမြို့နယ် ကွန်ဟောက်ရွာ ပတ်ဝန်းကျင်တွင် လှုပ်ရှားသွားလာနေသော ရှမ်းပြည်တပ်မတော် SSPP/SSA (၀မ်ဟိုင်း)အဖွဲ့မှ တိုက်နယ်မှူး အဆင့်ရှိ စိုင်းခိုင်ခေါင်းဆောင်သောအင်အား(၃၀)ယောက်တို့သည်သီပေါမြို့နယ်၊မိုးတေကျေးရွာအုပ်စု၊ပန်လန်း ကျေးရွာ၏အနောက်မြောက်ဘက်(၁)မိုင်ခန့်ရှိ တောင်ယာတဲဟောင်းနေရာသို့ရောက်ရှိလာခဲ့ကြောင်း  သိရသည်။

၎င်းတောင်ယာတဲတွင် အဆိုပါ ရှမ်းပြည်တပ်မတော်SSPP/SSA (၀မ်ဟိုင်း) အဖွဲ့သည် မိုတေကျေးရွာအတွင်းရှိ ရပ်မိ/ရပ်ဖ ၁၀ ဦးခန့်အားခေါ်ယူ၍ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း အဆိုပါအစည်းအဝေးတွင် ၄င်းအဖွဲ့၏ ခေါင်းဆောင် စိုင်းခိုင်မှ ကျေးရွာများအနေဖြင့် ၄င်းတို့တောင်းခံထားသော ဆက်ကြေးငွေများအား ယခုရက်ပိုင်းအတွင်း အမြန်ဆုံးပေးသွင်းရန်၊ ကျေးရွာအတွင်း မူးယစ်ဆေးဝါး သုံးစွဲ/ရောင်းဝယ်သူများနှင့် ပက်သက်၍ သုံးစွဲသူအား အရေးယူမည်မဟုတ်ဘဲ ရောင်းသူကိုသာ အရေးယူမည်ဖြစ်ကြောင်းနှင့် ပြီးခဲ့သော ၂၀၁၂ ခုနှစ်အတွက် ၄င်းတို့ ရှမ်းပြည်တပ်မတော် SSPP/SSA(၀မ်းဟိုင်း) အဖွဲ့ အတွက် လူသစ်မပေးရသေးသည့် ကျေးရွာများမှ လူသစ်များအမြန်ဆုံးစုဆောင်းပေးရန်ပြောကြားခဲ့ကြောင်းသိရှိရသည်။

No comments:

Post a Comment