Sunday, March 24, 2013

ခွေးတောက်နွယ်ပင်


25March 2013

ခွေးတောက်ရွက်မှာ ပူ၏၊ ခါး၏၊ ဝမ်းမီးကို တောက်စေ၏။ ကြေကျက် လွယ်၏။ သွေးကိုပွားစေ၏။ နှုတ်ကို မြိန်စေ၏။ သလိပ်ကိုနိုင်၏။ ကာမကိုအားပေး၏။ လည်ချောင်းနာ၊ ဂူလုံးနာ၊ လေရောဂါပိုးနာ၊ နူနာ၊ အဆိပ်သင့်နာ၊ ပန်းနာ ရင်ကျပ်၊ တုလာသရော ရောဂါ တို့ကို နိုင်၏ဟု အရှင်နာဂသိန် ပုံပြဆေး အဘိဓာန်မှ ဖော်ပြထားပါသည်။ အနာဖြစ်ပါက ခွေးတောက်ရွက်ကို မီးကင်၍ကပ် ထားပါက
အမြန်ပျောက်ကင်းပါသည်။ရေယုန်ရောဂါဖြစ်ပါကခွေးတောက်ရွက်သတ္တုရည်ကိုလိမ်းကျံပေးပါကများစွာအကျိုး   ကျေးဇူးများပါသည်။ခွေးတောက်ရွက်ကိုကြက်သားနှင့်ဟင်းချိုချက်သောက်ပါကအရက်ချိုးများကျစေပါသည်။  မြန်မာတို့၏ထမင်းပွဲတွင်ခွေးတောက်ရွက်ကြော်၊ခွေးတောက်ရွက်ဟင်းချိုစသည်ဖြင့်နေရာယူတတ်သောဟင်းလျာ တစ်မျိုးဖြစ်သလိုဆေးဖက်ဝင်ဆေးပင် တစ်မျိုးလည်း ဖြစ်ပါသည်။

No comments:

Post a Comment