Thursday, March 14, 2013

ရုရှား လေယာဉ်ကုမ္ပဏီနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့သည် ရုရှား လေတပ်အတွက် IL-78 ဝေဟင် ဆီဖြည့်လေယာဉ်သစ်များ ဝယ်ယူရန်အတွက် သဘော တူညီမှုများ ရရှိ


15March 2013

ရုရှား လေယာဉ်ကုမ္ပဏီနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့သည် ရုရှား လေတပ်အတွက် IL-78 ဝေဟင် ဆီဖြည့်လေယာဉ်သစ်များ ဝယ်ယူရန်အတွက် သဘောတူညီမှုများ ရရှိခဲ့ကြောင်း မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ သဘောတူညီမှု အဆင့်များ တိုးတက်ခဲ့သော်လည်း စာချုပ်ချုပ်ဆိုခြင်းရှိသည်၊ မရှိသည်ကို ၎င်းတို့အနေဖြင့် ပြောပိုင်ခွင့်မရှိကြောင်း ကုမ္ပဏီ၏ သတင်းပြန်ကြားရေး တာဝန်ခံတစ်ဦးမှ
RIA Novosti သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

 အဆိုပါစာချုပ်သည် ၂ဝ၂ဝ ပြည့်နှစ်ထိ ၇ နှစ်တာ ကာလအတွက် အစိုးရ လက်နက်ရောင်းဝယ်ရေး အစီအစဉ်၏ တစ်စိတ်တစ် ပိုင်း ဖြစ်ကြောင်း ၎င်းကထပ် လောင်းပြောကြား ခဲ့ပါသည်။ အဆိုပါ IL-78 လေယာဉ်သစ် ၃၁ စီးအတွက် သဘောတူစာချုပ်အား လက်မှတ်ရေးထိုးလုနီးပါး တိုးတက်မှု ရှိခဲ့ကြောင်း ဒေသခံ သတင်းစာများက ဖေဖော်ဝါရီ လလယ်လောက် တွင်အခိုင်အမာ ထုတ်ပြန်ခဲ့ကြ ပါသည်။ အင်ဂျင်လေးလုံးတပ် IL-78 လောင်စာ ဆီဖြည့် လေယာဉ်သည် IL-78 အကြီးစား ပို့ဆောင်ရေး လေယာဉ်ပေါ်တွင် အခြေခံ၍ တည်ဆောက်ထားကြောင်း သိရှိရပါသည်။ အဆင့် မြှင့်တင်ထားသော IL-76 MD-90A လေယာဉ် အမြောက်အများကိုလည်း မကြာမီ ကာလအတွင်း အများအပြား ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment