Add caption |
လားရှိုးမြို့၊သီရိမင်္ဂလာမန်ဆူကျောင်း၌ယနေ့နံနက်(၀၉၀၀)နာရီမှစ၍ရှမ်းပြည်နယ်မြောက်ပိုင်းမှဘွဲ့တံဆိပ် တော်ရ ဆရာတော်ကိုးပါးဖြစ်သော ဘဒ္ဒန္တ ကောရိယ မဟာဂန္ဓ၀ါစကပဏ္ဍိတ (ကန်မိန်းကျောင်းတိုက်၊ လားရှိုးမြို့)ဘဒ္ဒန္တသုဝရသဒ္ဒမ္မဇောတိကဓဇ(ရွှေလီကျောင်းတိုက်၊လားရှိုးမြို့)၊ဘဒ္ဒန္တရာဏ၀ံသဂန္တ၀ါစကပဏ္ဍိတ
(ဗောဓာရုံကျောင်းတိုက်၊လားရှိုးမြို့)၊ ဘဒ္ဒန္တသူရိယအဂ္ဂမဟာကမ္မဌာနာစရိယ(နမ့်ခမ်းမြို့)၊ ဘဒ္ဒန္တ သုခမိန္ဒ မဟာကမ္မဌာနာစရိယ(မူဆယ်မြို့)ဘဒ္ဒန္တက၀ိဇကကမ္မဌာနစရိယ(မူဆယ်မြို့)ဘဒ္ဒန္တပဏ္ဏိတမဟာသဒ္ဓမ္မဇောတိ ကဓဇ(လောက်ကိုင်မြို့)၊ ဘဒ္ဒန္တ မာကိန္ဒသဒ္ဓမ္မဇောတိကဓဇ(လောက်ကိုင်မြို့)နှင့် ဘဒ္ဒန္တ ဂန္ဓဗ္ဗသဒ္ဓမ္မ္မဇောတိကဓဇ(ကြူကုတ်ပန်ဆိုင်)တို့အားဂုဏ်ပြုပူဇော်ပွဲပြုလုပ်ရာနမောတသ(၃)ကြိမ်ရွတ်ဆို၍အခမ်းအနား ဖွင့်လှစ်ခဲ့ပြီးနမ့်ခမ်းမြို့ဝေပုလကမ္မဌာန်းကျောင်းဆရာတော်ဘဒ္ဒန္တသူရိယ(မဟာကမ္မဌာနာစရိယ) ထံမှဧည့် ပရိတ်သတ်များကငါးပါးသီလခံယူဆောက်တည်ကြပါတယ်။
သံဃာတော်များမှမေတ္တာသုတ်ပရိတ်တရားတော်ရွတ်ပွားချီးမြင့်တော်မူခြင်း၊ ဌာနဆိုင်ရာအကြီးအကဲများမှ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများအားလှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းပူဇော်ခြင်းနှင့် ဧည့်ပရိတ်သတ် များကမူဆယ်မြို့လွယ်တိန်းခမ်းကျောင်းဆရာတော်ထံမှအနုမောဒနာတရားတော်ကိုနာယူ၍လှူဒါန်းမှုအစုစု တို့အတွက်ရေစက်သွန်းချအမျှဝေခြင်းနှင့် သံဃာတော်များဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့ကိုစည်ကား သိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအကမ်းအနားသို့လားရှိုးမြို့ဌာနဆိုင်ရာအကြီးအကဲများ၊လားရှိုး၊မူဆယ်၊နမ့်ခမ်းမှဘာသာတရားကိုင်းရှိုင်း သည့် ဧည့်ပရိတ်သတ် (၁၃၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရပါသည်။
No comments:
Post a Comment