နိုင်ငံတော်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့တို့သည် တရုတ်နိုင်ငံရွှေလီမြို့ရှိ Jing Cheng ဟိုတယ်တွင်ယနေ့နံနက်၉နာရီမိနစ်၂၀မှစတင်ကာတွေ့ဆုံဆွေးနွေးနေကြပြီဖြစ်သည်။
အစိုးရဘက်မှပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သောအဖွဲ့တွင်ကချင်ပြည်နယ်စစ်ဆင်ရေးဆိုင်ရာ အမှတ်(၁)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးအပါအ၀င် စစ်ဘက်ဆိုင်ရာ အကြီး အကဲများ ပါဝင်လာပြီး ကေအိုင်အိုဘက်မှ တပ်ပိုင်းဆိုင်ရာ ထိပ်တန်းတာဝန်ရှိသည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တပ်ပိုင်းဆိုင်ရာ အကြီးအကဲများလည်းတက်ရောက်သဖြင့် ယခုဆွေးနွေးပွဲတွင် ထာဝရ ငြိမ်းချမ်းရေး၊ တပ်နှင့်ပတ်သက်သည့် ကိစ္စများ ဆွေးနွေးသွားနိုင်လိမ့်မည်ဟု နှစ်ဘက်လုံးက သုံးသပ် ပြောကြားသည်။
No comments:
Post a Comment