Wednesday, March 6, 2013

၂ဝ၁၃ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ရန် အတွက် သမ္မတ ဦးသိန်းစိန်၊ ကိုလံဘီယာ သမ္မတ၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် တို့ အဆိုပြု လျာထားခံရ


7 March 2013


၂ဝ၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ရန် အဆိုပြုလျာထား ခံရသူများ စာရင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ကိုလံဘီယာ သမ္မတ ဂျူအန် မန်နျူရယ် ဆန်းတို့စ်၊ အမေရိကန် သမ္မတဟောင်း တစ်ဦးဖြစ်သူ ဘီလ်ကလင်တန် တို့နှင့်အတူ ပါဝင် ရပ်တည်လျက် ရှိသည်။ 


သမ္မတကြီး ဦးသိန်းစိန်သည် ဆယ်စုနှစ်များစွာ အထီးကျန် ဆန်ခဲ့ရသည့် မြန်မာနိုင်ငံအား ဒီမိုကရေစီ နည်းလမ်းတကျ အသွင် ပြောင်းလဲရေးတွင် ဦးဆောင်၍ အကောင် အထည် ဖော်လျက် ရှိသောကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် လျာထား ခံရခြင်းဖြစ်သည်။ အလားတူပင် ကိုလံဘီယာ နိုင်ငံအတွင်းရှိ ရာစုနှစ်တစ်ဝက်ကြာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ် နိုင်ရေးအတွက် သမ္မတ ဆန်းတို့စ်က ကြိုးပမ်းလုပ် ဆောင်နိုင်ခဲ့သည်။ 

သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရသည် ၂ဝ၁၁ ခုနှစ် မှစ၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိရန် ကြိုးပမ်းခဲ့ပြီး နိုင်ငံအတွင်း စီးပွားရေးနှင့်    နိုင် ငံရေး ပြုပြင် ပြောင်းလဲမှုများကို အစဉ်တစိုက် လုပ်ဆောင်လျက် ရှိသည့်အပြင် မြန်မာနိုင်ငံနှင့် အနောက် နိုင်ငံများအကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်လာ စေရန်အတွက် သမ္မတကြီးသည် ယခုအခါ ဥရောပ ငါးနိုင်ငံသို့ ၁ဝ ရက်ကြာ ခရီးစဉ်အဖြစ်သွားရောက်လည်ပတ်လျက်ရှိသည်ယခုနှစ်အတွက် ငြိမ်းချမ်းရေး   နိုဘယ်ဆုကို   နော်ဝေနိုင်ငံရှိ      နိုဘယ်ဆု ချီးမြှင့်ရေး ကော်မတီက အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန် ကြေညာ သွားမည် ဖြစ်သည်။

No comments:

Post a Comment