14March 2013
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဆေးဝါး နှင့် စားသောက်ကုန် လုပ်ငန်း ၊ အမှတ်(၁) ဆေးဝါး စက်ရုံ (ရန်ကုန်) ၏ ကြီးကြပ်မှု အောက်ရှိ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု စီမံကိန်း (မှော်ဘီ) တွင် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်အတွင်းနိုင်ငံတော်အတွက်လိုအပ်မည့်မြွေဆိပ်ဖြေဆေး၆၀၀၀၀ကိုတိုးတက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အမှတ်(၁)ဆေးဝါးစက်ရုံ(ရန်ကုန်)တွင်အဆိပ်ဖြေဆေးကပ်ရောဂါကာကွယ်ဆေးများနှင့်အနောက်တိုင်းဆေးဝါးများ အပါအ၀င် ဆေးအမယ်ပေါင်း(၁၈၆)မျိုးထုတ်လုပ် ပေးလျက်ရှိသည်။ အဆိုပါ စက်ရုံသည် ၁၉၅၅ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးမြင်းများဖြင့်မြွေဆိပ်ဖြေဆေးကို
၁၉၆၅ခုနှစ်စတင်ထုတ်လုပ်ခဲ့သည်။ထို့အပြင်မြွေပွေး အဆိပ်ဖြေဆေးကို
သိုးများမှ၂၀၀၆ခုနှစ်တွင်စမ်းသပ်ထုတ်လုပ်ခဲ့ရာအောင်မြင်မှုရရှိခဲ့ပြီးယခုအခါတွင် မြွေဟောက် အဆိပ်ဖြေဆေးကိုလိုအပ်ချက်နှင့်အညီထုတ်လုပ်ပေးနိုင်ခဲ့သော်လည်း မြွေပွေး အဆိပ်ဖြေဆေး ကို မူ တိုးမြှင့်ထုတ်လုပ် ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
No comments:
Post a Comment