သိန်းနီမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ တာဝန်ပေးချက်အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်း (၁)ဦးနှင့် မြို့နယ်လျှပ်စစ်ဝန်ထမ်း(၁)ဦးတို့သည် မတ်လ(၅)ရက်နေ့တွင် ကျေး၇ွာအုပ်စု ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူ ပြုကော်မတီ ရွေးချယ်ရန် သိန်းနီမြို့နှင့် (၂၅)မိုင်ခန့် အကွာသို့ အရောက်
KIA မှ အင်အား (၄၀)ဦး ခန့်သည် လက်နက်ငယ်များကိုင်ဆောင်လျက် ၄င်းနှစ်ဦးစီးနင်း လာသော ဆိုင်ကယ်အား စစ်ဆေးရာ တူးဘောက်အတွင်းမှ တပ်ထိန်းနှစ်ပတ်လည် စာအုပ်ကို တွေရှိပြီး ``မင်းစစ်သားလား´´ဟု မေးမြန်ခဲ့ပါသည်။ စစ်သားမဟုတ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းဖြစ်ကြောင်း ပြောခဲ့ပါသည်။

နောက်တစ်ဦးမှာ ဘောင်းဘီနက်ပြာရောင်ဝတ်ဆင်ထားသောကြောင့် မင်္သကာစိတ်ဖြင့် ထိုသူအား ``မင်းကရဲလားမင်းတို့ကထောက်လှမ်းရေးတွေလားမင်းတို့နဲ့သစ်တောဝန်ထမ်းတွပါလား´´ မေးမြန်း ခဲ့ကြောင်းသိရသည်.။၎င်းမှရဲမဟုတ်ကြောင်းမြို့နယ်လျှပ်စစ်ရုံးမှ ဖြစ်ကြောင်း ပြောရာ လက်မံဘဲထို(၂)ဦး အား(၅)နာရီခန့်ကြိုးနှင့် တုတ်နှောင်ထားပြီး မှန်မှန်ဖြေရန်ပြောရာ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဖွဲ့စည်းရန်လာရောက်ခြင်းဖြစ်ကြောင်း အကြိမ်ကြိမ်ပြောသောကြောင့် ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ၄င်းဝန်ထမ်း(၂)ဦးသည်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးထံသွားရောက်၍ ညနေ (၃)နာရီတွင် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဖွဲစည်းနိုင်ရေးဆောင်ရွက်ပြီး သိန်းနီသို့ ည (၈)နာရီ (၄၅)မိနစ်တွင် ပြန်လည်ရောက်ရှိကြောင်း သိရပါသည်။
No comments:
Post a Comment