Friday, March 8, 2013

ကျောက်မဲခရိုင်၊ မန်တုံမြို့နယ်အတွင်းမြန်မာ-အမေရိကန် နှစ်နိုင်ငံ ဘိန်းအထွက်နှုန်း တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်


9 March 2013













မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဘိန်းအထွက်နှုန်းတိုင်းတာရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် နရခ (မူးယစ်)မှ ညွှန်မှူး(မူးယစ်ဆေးဝါးပပျောက်ရေး) ယာယီရဲမှူးကြီးဦးဆောင်သောမြန်မာကိုယ်စားလှယ် (၆)ဦးနှင့် အမေရိကန် နိုင်ငံ DEA မှ အဖွဲ့ဝင်(၁၂)ဦး တို့သည်မတ်လ(၈)ရက်နေ့ (၁၀၃၀)နာရီတွင် လားရှိုးမှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ နမ့်ခမ်းမြို့နယ် အစပ်၊ ကျောက်မဲခရိုင် ၊ မန်တုံမြို့နယ်
ဝန်းပတ်အုပ်စု၊ ကင်ယုံရွာပျက်သို့ရောက်ရှိပြီး  ဘိန်းပင်အမြင့် (၂)ပေခန့်၊ အစေးခြစ်/ သီးပွင့်ဆဲ ဘိန်းသီး (၁.၅) လက်မခန့်ရှိ ဘိန်းခင်း(၁)ဧက နှင့် ဘိန်းပင်အမြင့် (၂)ပေခွဲခန့် ၊ အစေးခြစ်/ သီးပွင့်ဆဲ ဘိန်းသီးအချင်း (၁.၅)လက်မခန့်ရှိ ဘိန်းခင်း (၄)ဧကအား တိုင်းတာရာ (၁၂၀၀)နာရီတွင် ပြီးစီးကြောင်း သိရသည်။ တိုင်းတာရေးအဖွဲ့များသည်ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ(၁၂)နာရီ မိနစ်(၂၀) တွင် လာရှိုးမြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရပါသည်။

No comments:

Post a Comment