2015 July 9
ဇူလိုင်လ ၇ ရက်နေ့တွင် မုံးကိုး-ဖောင်းဆိုင်
သွားကားလမ်းဘေးရှိ နောင်ဂျန့်ရွာအနီးတွင် KIA သကသ အဖွဲ့များ ထောင်ထားသောမိုင်းများ
နင်းမိ၍ ဒေသခံရွာသား ၂ ဦး သေဆုံး၍ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိ ရသည်။
မိုင်းနင်းမိရာမှ ဒဏ်ရာရရှိသူ မောင်အိုက်လင်း၊
ပန်စီတိုင်းကျေးရွာအုပ်စု၊ မန်ယန်းကျေးရွာ တွင် နေထိုင်သူ ၏ပြောပြချက်အရ ဇူလိုင်လ ၇ ရက်နေ့နေ့လည် ၁ နာရီခန့်တွင် ၄င်းသည် အလုပ်ရှင်ဖြစ်သူ ဦးထုံစေး(ခ)
အားကွယ် မုံးကိုးမြို့နယ်ခွဲ၊ ပူးဝမ်းကျေးရွာအုပ်စု၊ ရှောက်ရွှေစင်ကျေး ရွာတွင် နေထိုင်သူနှင့်အတူ
မုံးကိုး-ဖောင်းဆိုင်သွား ကားလမ်းအတိုင်း နွားကျောင်းလာစဉ် နောင်ဂျန့်ရွာ အထွက်တွင်
KIA သကသအဖွဲ့ ထောင်ထားသော နင်းမိုင်း ၁ လုံးအား ဦးထုံစေးမှ နင်းမိ၍ ပေါက်ကွဲေ သဆုံးခဲ့ပြီး
၎င်းမှာခြေထောက်မိုင်းစ ၁ ချက် ရှပ်မှန်ခဲ့ကြောင်းနှင့် ၄င်းမှ ကြောက်လန့်ကာ ထွက်ပြေးခဲ့ကြောင်း
သိရှိရပါသည်။
အဆိုပါနေ့ ညနေ ၅ နာရီခန့်တွင်လည်း ၄င်းနေရာ၌ပင် နင်းမိုင်း ၁ လုံးအား
ပန်စီတိုင်းကျေးရွာအုပ်စု၊ မန်ယန်းရွာသား မောင်အိုက်ငြိမ်းမှ
ထပ်မံနင်းမိခဲ့၍ မိုင်းထိ ဒဏ်ရာဖြင့် သေဆုံး ခဲ့ကြောင်းသိရှိရပါသည်။
၎င်းဒေသသည် KIA သကသများ လှုပ်ရှားလေ့ရှိသော
နေရာဖြစ်ပြီး ယခုကဲ့သို့ ရွာသားများ အသုံးပြုလေ့ရှိ သော လမ်းကြောင်းများတွင် မိုင်းထောင်ခြင်းများ
မကြာခဏ ဆောင်ရွက်လေ့ရှိကြောင်း၊ ယခင်လများတွင်လည်း ၄င်းသကသများထောင်ထားသော မိုင်းများအား
နင်းမိ၍ ဒေသခံများ၏ ကျွဲ၊နွား တိရစ္ဆာန်များပါ ထိခိုက်ပျက်ဆီး ဆုံးရှုံး မှုများ ကြုံတွေ့ခဲ့ရကြောင်း
ယခုအခါ ကျွဲ၊ နွားများသာမက လူကိုပါ အန္တာရာယ်ပေးသည့်အထိ ဖြစ်လာကြောင်း ဒေသခံရွာသား တစ်ဦး၏
ပြောပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment