သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာ၊ သမိုင်းဝင်ဘော်ကြို(မုဋ္ဌော) စေတီတော်မြတ်ကြီးရှိရာ ဘော်ကြိုဘုရား ကြီး
ကျောင်းတိုက်အတွင်း အရှေ့မြောက်ဘက်မြေနေရာလွတ်၌ ဒေသခံပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့်
ဓာတ်ပေါင်းစု ဂန္ဓကုဋီတိုက် ၂ ထပ်ကျောင်းဆောင် ဆောက်လုပ်ရန် ကျောင်းထိုင်ဆရာတော် နိုင်ငံတော် ဓမ္မကထိက
ဘဒ္ဒန္တဒေ၀ိန္ဒ(MA သီရိလင်္ကာ)၏ ဦးဆောင်မှုဖြင့် မြေနေရာအား ပန္နက်ရိုက်ခဲ့ပြီး ၂၀၁၅ ခုနှစ်
ဇူလိုင်လ ၂၂ရက်နေ့မှ စတင်၍ မြေတူးဖော်ခဲ့ရာ အဆောက်အဦ ဆောက်လုပ်မည့် အလယ်နေရာ မြေကျင်း အမှတ်
(၂၊၃၊၄) တို့အား တူးဖော်စဉ် အနက် ၂ပေခန့်အရောက်တွင် အုတ်ရိုးဖြင့် ဋ္ဌာပနာ ပြုလုပ်ထားသည့်
ဥာဏ်တော် ၄လက်မ မှ ၁၅လက်မခန့်အထိ ဥာဏ်တော်စုံ ရှေးဟောင်းဆင်းတု (ငွေ/ကြေး) ဗုဒ္ဓရုပ်ပွားတော်မျိုးစုံ
(မြန်မာသက္ကရာဇ် ၁၂၄၂ ခုနှစ်ခန့်မှ) အကောင်း ၂၂၉ဆူ၊ အပျက် ၇၀ဆူ၊ စုစုပေါင်း ၂၉၉ဆူအား
ဇူလိုင်လ ၂၄ ရက် နေ့တွင် တူးဖော်တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။
အဆိုပါဆင်းတုတော်များအား
ဘော်ကြိုဘုရားကြီး ကျောင်းတိုက်အတွင်းရှိ “ချမ်းမြေ့ဓမ္မာရုံ” တန်ဆောင်းသို့ ပင့်ဆောင်ထားရှိပြီး
အများပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရန် နေ့စဉ် နံနက် ၆ နာရီမှ ည ၉ နာရီထိ ဖွင့်လှစ် ထားရှိမည်ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment