Tuesday, July 28, 2015

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ပိုင်ရှင်မဲ့မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၂၀၁၅ ဇူလိုင် ၂၉





မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစီမံချက် ရွှေလီ-၂ အား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျှက်ရှိရာ ၂၆.၇.၂၀၁၅ ရက်နေ့ ၁၁၁၅ အချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (၁၀၂) နေပြည်တော်မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များ၊ ကျောက်မဲခရိုင် မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ ကျောက်မဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ အမှတ်(၃၅၂) အမြှောက်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ ကျောက်မဲမြို့အ၀င် အေးရှားဝေါလ် တိုးဂိတ်တွင် ပိတ်ဆို့ရှာဖွေရေး ဆောင်ရွက်နေစဉ် ကျောက်မဲ ဘက်မှ လားရှိုးဘက်သို့မောင်းနှင်လာသော YGN 2H/xxxxxx PAJARO ခဲပြာရောင် ယာဉ်အား စစ်ဆေးရှာဖွေရန် ရပ်တန့်ခိုင်းစဉ် ၄င်းယာဉ်မှာ ရပ်တန့်ခြင်းမပြုဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ်   ကျောက်မဲမြို့နယ် ပန်ဟုတ်ကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ်-၁၁၁/၄ တွင် ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ်မှာ ကျောက်မဲ မြို့ဝင် အေးရှားဝေါလ် တိုးဂိတ်တွင် စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ပေးခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားသော မော်တော်ယာဉ်ဖြစ်ပြီး ယင်းမော်တော်ယာဉ်မှာ လမ်းဘေးချောက် အတွင်းသို့ ထိုးကျတိမ်းမှောက်နေသည်ကို တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိပြီး ယာဉ်အတွင်းဆက်လက်စစ်ဆေးရာ ယာဉ်နောက်ခန်း ထိုင်ခုံပေါ်တွင် အပြာရောင်သံသေတ္တာအတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားပြီး ဆပ်ပြာခွက်တစ်ခွက်လျှင် ဘိန်းဖြူမှုန့် ၁၃ ဂရမ်စီ ပါ ၁၄ ခွက်၊ စုစုပေါင်းဘိန်းဖြူမှုန့်အလေးချိန် ၁၈၂ ဂရမ်(ကာလတန်ဖိုးငွေကျပ် ၃၂.၇၆ သိန်း)နှင့် အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်ငယ်ဖြင့် ထည့်ထားသော 88 နှင့် 1 စာတမ်းတစ်ဖက်စီပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါ ၂ ထုပ်၊ ၁၅၀ ပြားပါ ၁ ထုပ်၊ စုစုပေါင်းဆေးပြား ၅၅၀ ပြား (ကာလတန်ဖိုးငွေကျပ် ၁၁ သိန်း)တို့အား ရှာဖွေတွေ့သဖြင့် ကျောက်မဲမြို့မရဲစခန်း မယ(ပ)၄၀/၂၀၁၅၊ မူး/စိတ်ပုဒ်မ-၁၉(က)အရ အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရိှကြောင်း သတင်းရရှိပါသည်။

Credit==> Lashio Media

No comments:

Post a Comment