Software မသုံးဘဲ သင့်ရဲ့ PC မှာ Virus ရှိမရှိ ကြည့်နည်းလေးကို တင်ပေးလိုက်ပါတယ် မိတ်ဆွေများ ဝမ်းသာကြမယ်ထင်ပါတယ်။ ဒီပြဿ နာကို Kernel32.dll အကြောင်းလေ့လာ ရင်း တွေ့ ရတဲ့ ဗဟုသုတပါ။ ဒီ kernel32.dll ပျက်နေတဲ့ စက်တွေမှာ Virus သတ်တဲ့ Software တွေ Install လုပ်ရခက်ပါတယ်။ ဒီတော့ ဒီပြဿ နာ ကိုဘယ်လိုရှင်းမလဲ ဆိုတဲ့ ဆောင်းပါးကို ရှုဖတ်ရင်းကနေ တွေ့ ရတဲ့ ရလဒ်လေးကို မျှဝေပေးလိုက်ပါတယ်။
How to Fix the Problem with Kernel32
(၁) My Computer ကိုဖွင့်ပါ

(၂) Local Disk ( C ) ခေါ် C: ဆီကိုသွား ပြီးဖွင့်ပါ။ ပြီးရင် Windows ထဲကိုဝင်ပါ

(၃) WINDOWS အထဲမှာ System32 ရှိပါတယ် ဖွင့်ဝင်ပါ။

(၄) ပြီးရင် system32 ထဲမှာ Kernel32.exe ကိုရှာပါ အောက်ပုံကိုကြည့်ပါ။

(၅) kernel32 လို့ ခေါ်တဲ့ File ဟာ အထက်ကပုံလို Kernel32.exe လို့ တွေ့ ရင် သင့်ရဲ့ PC ထဲမှာ Virus များရှိနေပါပြီ၊ ဒါဆိုရင် သင်လုပ်ရမှာက Virus သတ်တဲ့ Software ကိုရှာပြီး Virus ကိုသတ်ပေးပါ သို့ မဟုတ် ဆိုင်ပို့ ပါ သင့်အဘောအတိုင်း လွယ်လင့်တကူ မဖျက်လိုက်ပါနဲ့  ဒီ Post ဟာ ဆရာကြီများအတွက် မဟုတ်လို့ သတိပေးတာပါ။

(၆) အပေါ်က ပုံလို Kernel32.dll ကိုတွေ့ ရင်တော့ သင့်ရဲ့ PC ထဲမှာ Virus မရှိပါဘူး။မသိသေးသူများ သိရှိအောင်မျှဝေပေးလိုက်ပါတယ်....
No comments:
Post a Comment