မြန်မာနိုင်ငံ (ရှမ်းပြည်နယ်မြောက်ပိုင်း)နှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသ ဖြစ်သော ထုန့်မော(၀်) ခေါ် ရွှေလီမြစ်ဝှမ်းဒေသ၌ ရေကြီးမှု ကြောင့်
ပျက်စီးရှုံးဆုံးမှုများကြောင်း သတင်းရရှိသည်။
ရေသည် ရွှေလီမြစ်ရေထဲကတက်လာပြီး ရေကြီးမှုသည် ယနေ့မနက် ၁၀း၀၀ နာရီ ၀န်းကျင်ခန့် စတင်ပြီး ညနေ ၅း၀၀ နာရီအချိန်အထိ ကျဆင်းသွားခြင်း မရှိသေးကြောင်း၊ ရေလွှမ်းခံရသည့် နေရာများမှာ မြန်မာနိုင်ငံဘက်မှ မူဆယ်ခရိုင် ပန်ခမ်းတံတား အနီးတ၀ိုက် နှင့် တရုတ်ပြည်ဘက်မှ ဂျယ်ဂေါင်မြို့နှင့် ရွှေလီမြို့တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရွှေလီမြို့ကဆိုရင် ကားစီးလုံး ရေထဲမြုပ်သွားကြတယ်၊ ဂျယ်ဂေါင်မြို့မှာတော့ ကားဘီးလုံး တစ်ဝက်လောက် ရေမြုပ်နေတာတွေ့ပါတယ်၊ မြန်မာဘက်ခြမ်း ပန်ခမ်းတံတားအနီးမှာတော့ မွှန်းလွဲ ၂း၀၀ နာရီကရေ စတက်လာပြီး ညနေ ၅း၀၀နာရီအထိတော့ ပြည်ထောင်စုလမ်းမ (မူဆယ်-နမ့်ခမ်းလမ်း) ကို အာဏာပိုင်ဘက်က ယာယီ ပိတ်ထားပေးပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓါတ်ပုံ- ရွှေလီဘက်ခြမ်းကတွေ့ရသော ရေကြီးမှု |
ထုန့်မော(၀်) ဒေသသည် မိုးအဆက်မပြတ်ရွာနေသည်မှာ (၁၀)ရက်ကျော် ရှိပြီ ဖြစ်ကြောင်း၊ တောင်ကျချောင်းရေများ ရွှေလီမြစ်ထဲ အများအပြား
စီးဝင်လာ မှု ကြောင့် ရေကြီးမှုဖြစ်လာခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ယမန်နှစ် ၂၀၁၄ ဂျူလိုင်လကုန်ပိုင်း၌လည်း ထုန့်မော(၀်)ဒေသတွင် ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံဘက် ပိုင်း ပန်ခမ်းတံတားအနီးတွင် လူအသေအပျောက် အနည်းငယ်ရှိပြီး ယခုနှစ် ရေကြီးမှုမှာ တရုတ်ပြည်ဘက်က
ပျက်ဆီးဆုံးရှုံးမှုများနေကြာင်း ဒေသခံများထံမှသိရသည်။
No comments:
Post a Comment