အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ခန်းမ၌ ကျင်းပပြုလုပ်ရာ
နိုင်ငံတော် သြဝါဒါစရိယ လားရှိုးမြို့
ကန်မိန်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တမုနိန္ဒ
အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်
အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊
မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တက်ရောက်လာကြသူများသည် ဘဒ္ဒန္တမုနိန္ဒထံမှ ငါးပါးသီလခံယူ ဆောက် တည်ကြကာ သံဃာတော်များက
ပရိတ်တရားတော်များ ရွတ်ဖတ်တော် မူကြပြီး ဝါဆိုသင်္ကန်း၊
လှူဖွယ်ပစ္စည်းများနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏
(၄၃)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ဆုပေးပွဲကို နေ့လယ်ပိုင်းတွင်
ကျင်းပပြုလုပ်ရာ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင် သည့် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့်
စစ်သည်များ၊ ပညာရည်ချွန် ဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊
အိမ်ထောင်သည် လိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
လိုင်းခန်း သန့်ရှင်းရေး အကောင်းဆုံးဆု ရရှိသူများအား တာဝန်ရှိသူများက
၈၂၈၂၁ဝဝဝ ကျပ် တန်ဖိုးရှိ ဆုများ အသီးသီး ပေးအပ်ကြပြီး တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ၃၇၂၄ဝဝဝ ကျပ်တန်ဖိုးရှိ
ဝတ်စုံများ ထောက်ပံ့ ပေးအပ်ကြသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များအား
ငွေကျပ် ၇၂၄၁၂၅ဝ တန်ဖိုးရှိ ဆိုလာပြား ၆ဝ ယူနစ် သုံးစုံ၊ ၄ဝ ယူနစ်
သုံးစုံနှင့် ဝတ်စုံများ အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
No comments:
Post a Comment