မြင်းမူ ဇူလိုင် ၂၃
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မူးမြစ်ရေဝင်ရောက်ခဲ့သည့် မြင်းမူမြို့နယ် ကျေးရွာအချို့အား ကယ်ဆယ်ရေးနှင့် ရွှေ့ပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရသည်။ မူးမြစ်ရေ ဝင်ရောက်ခဲ့သည့် မြင်းမူမြို့နယ် သပြေသာကျေးရွာကို မြင်းမူမြို့နယ်မှ ပျော့ကျေးရွာနှင့် စစ်ကိုင်းမြို့နယ် မှ ပေါက်ကားကျေးရွာ၊ ညောင်ပင်ဝန်းကျေးရွာများသို့ လည်းကောင်း၊ မေဂျာကျေးရွာမှ
ပြည်သူများအား
ညောင်မြစ်ကျေးရွာ၏ တောင်ဘက်ရှိ ကုန်းမြင့်သို့လည်းကောင်း၊
ပုံညာကျေးရွာမှ ပြည်သူများအား မကျီးကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း
ပြောင်းရွှေ့ ပေးခဲ့ပြီးဖြစ်သည်။
အဆိုပါမူးမြစ်ရေ ဝင်ရောက်သည့် ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများ က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ရေ ၀င်ရောက်ခဲ့သော ကျေးရွာများမှ ဒေသခံများအား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမှတ်(၇၂) သံချပ်ကာစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြတ်သုခလူမှုကူညီရေး အသင်းဝင်များက စက်လှေများဖြင့် ပြောင်းရွှေ့ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
ဓာတ်ပုံ-ဖိုးခါး(ပြန်/ဆက်)
Credit==> Myanmaalinn
No comments:
Post a Comment