မူဆယ်မြို့ ဟိုနားရပ်ကွက် မြို့ပတ်လမ်းရှိ ဆန်ဂိုဒေါင်ရှေ့ အုတ်တံတိုင်း အောက်ခြေတွင် မိုင်းကွဲသည့်နေရာကို တွေ့မြင်ရစဉ် |
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊
မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မြို့ပတ်လမ်း၊ အကွက်အမှတ် (၁ဝဝ)ဘက်၌ ဇူလိုင် ၂ဝ
ရက်ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲသံ တစ်ချက် ကြားသဖြင့်
နယ်မြေခံတပ်မှ သွားရောက် စစ်ဆေးရာ ဒေါ်အေးယေ့ ၄၆ နှစ် ပိုင်ဆိုင်သော
ဆန်ဂိုဒေါင်ရှိ အုတ်တံတိုင်း အောက်ခြေတွင် အလျား ၈ လက်မ၊ အနံ ၃ လက်မခန့်ရှိ
အပေါက်တစ်ခု ပေါက်နေကြောင်း စစ်ဆေး တွေ့ရှိရသည်။
ပေါက်ကွဲမှုအား စိစစ်ရာ ၄င်းဆန်ဂိုဒေါင် အနီး၌ KIA ကချင် လက်နက်ကိုင် သောင်းကျန်းသူ တပ်မဟာ (၄) တံဆိပ်ပါ စာရွက်ပေါ်တွင် ဖုန်းနံပါတ်များ ရေးသားထားပြီး ဇူလိုင် ၁၇ ရက် နောက်ဆုံး ဆက်သွယ်၍ ဆက်ကြေးပေးရန် ရေးသားထားသော စာတစ်စောင်အား တွေ့ရှိခဲ့ပြီး ပိုင်ရှင် ဒေါ်အေးယေ့ က ဆက်သွယ်ခြင်း မရှိသောကြောင့် KIA ကချင် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့မှ အသံမိုင်းထောင် ဖောက်ခွဲ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment