Router ဆိုတာကိုအရင်ပထမဆုံးရှင်းပြပါ့မယ်..ဒါမှသာ Router Function ကိုနားလည်ပြီး ဆက်ဖတ်လို့ ရမှာ ဖြစ်ပါတယ်.....နောက်ပြီးလူပြောများတဲ့ Router ဆိုတာဘာလဲဆိုတာကို ကျွန်တော်နားလည် သလောက် ရှင်းပြထားတာဖြစ်ပါတယ်...
Cisco နည်းပညာသုံး Linksys firewall Router တစ်လုံးအားတွေ့ ရပုံ |
Router အလုပ်လုပ်ဆောင်ပုံ
Router ဆိုတာအတိုဆုံးပြောရရင်တော့ လမ်းကြောင်းရှာပေးတဲ့ device ဖြစ်ပါတယ်..... သူရဲ့အလုပ်လုပ်ပုံ က မတူညီတဲ့ Network နှစ်ခုကို တစ်ပြိုင်နက်တည်း ချိတ်ဆက်ပေးခြင်း အလုပ်ကိုလုပ်ပါတယ်။ (မတူညီတဲ့ network ဆိုတာက ...ဥပမာ... ကိုယ့်ရုံးမှာ အင်တာနက်သုံးတယ်.. အင်တာနက်အတွက် IP Address က 172.19.22.101 ဖြစ်တယ်ဆိုပါစို့ ....သူက IP Address တစ်ခုပါ....နောက်ကိုယ် သုံးမယ့်စက် ...ကိုယ့်လိုပဲအခြားသူတွေသုံးမယ့်...IP Range က 192.168.2.1-to-254 ဖြစ်တယ်ဆိုပါစို့....
Router က ကိုယ့်ရဲ့ Local Network ထဲမှာရှိတဲ့ 192.168.2.1 ကနေ 192.168.2.254 အထိ ကိုယ်သတ်မှတ်ပေးထားတဲ့ ကွန်ပျူတာတွေကို Internet ရအောင်၊ နောက် Local မှာဆို file sharing တွေသုံးလို့ ရအောင် လမ်းကြောင်းတွေ သတ်မှတ်ပေးတယ်.....မတူညီတဲ့ IP နှစ်ခုရှိတဲ့ network နှစ်ခုကိုချိတ်ဆက်ပြီး လမ်းကြောင်း(Route) လုပ်ပေးတာပါ....)

တစ်နည်းအားဖြင့်ပြောရရင်တော့ Server အစားထိုးသုံးစွဲတာဖြစ်ပါတယ်...... Router ကတော့ Server တွေထက် Power Consumption သက်သာသလို နေရာအထားအသိုမခက်ခဲပါဖူး...ဒါပေမဲ့ Router တွေက Server တွေထက် ပိုပူတတ်ပါတယ်...ပူလာရင် hang တတ်ပါတယ်..... ထားပါတော့... ဒါကတော့ကြုံလို့  ပြောတာပါ......Router တွေက စာလိုပြောရရင် OSI 7 Layer က Layer 3 မှာ အလုပ် လုပ်ပါတယ်... ခုဆိုရင် Router တွေကို Lan Port 4 Ports နဲ့ Wireless ပါ ရတဲ့အထိ Function တွေစုံလင်လာပါပြီ.... Ethernet Switches တွေနဲ့ ချိတ်ဆက်မယ် ဆိုရင်တော့ ကွန်ပျူတာအလုံး 200 ကျော်အထိ သုံးစွဲလို့ ရနိုင်ပါပြီ......Brand တွေလည်းမျိုးစုံရှိသလို ခုခေတ်မှာ အကောင်းဆုံး နာမည် အကြီးဆုံးနဲ့  နည်းပညာ အကောင်းဆုံးကတော့ Cisco Router တွေပါပဲ....
ဒါကတော့ Router ရဲ့ လုပ်ဆောင်ပုံလေးတွေပေါ့ဗျာ...wireless ပိုများပါတယ်.. |
ဒီပုံလေးကိုကြည့်ရင် Router လုပ်ဆောင်ချက်ကိုနားလည်နိုင်မှာပါ |
သမားရိုးကျ Router များနှင့် Cisco Router များကွာခြားချက်
အခြားသောRouter တွေကတော့ဗျာ...သူ့ လောက်နည်းပညာမမြင့်ပါဖူး......နည်းနည်းထပ်ရှင်းရမယ်ဆိုရင် Router တိုင်းမှာ Routing Table ဆိုတာရှိတယ်ဗျ.... ခုနကပြောခဲ့သလိုမတူညီတဲ့ network နှစ်ခုကို ချိတ်ဆက်တော့မယ်ဆိုရင် အဲဒီ Network နှစ်ခုရဲ့ IP နှစ်ခုကို Router ထဲမှာ ထည့်ပြီးတော့ သတ်မှတ်လိုက်တယ် ဆိုရင်.....သာမန် Router တွေက အလုပ်လုပ်ပါပြီ.....သူက default route table ပဲသတ်မှတ်ထားတာကို ကျွန်တော်တို့ က IP Range တွေထည့်ပြီးတော့ အသုံးပြုကြတာဖြစ်ပါတယ်... ဒီလိုလုပ်ဆောင် ပုံကသာမန်သမားရိုးကျနည်းပညာနဲ့  သမားရိုးကျ Router တွေအလုပ် လုပ်ဆောင် ပုံဖြစ်ပါတယ်...
Cisco Router တွေကတော့ Open Source ဖြစ်ပါတယ်...သူက Internetwork Operating System (IOS ) နဲ့ အလုပ်လုပ်ပြီးတော့ default ROM နဲ့ အလုပ်လုပ်တဲ့အခြား Router
တွေနဲ့  ကွာခြားမှုတွေ ရှိပါတယ်...ဘယ်လိုကွာလဲဆိုရင်....အခြားသော Router တွေက default Rom ပေါ်မှာ Routing table ရေးထားပြီးသားကိုအချက်အလက် (IP တွေ) ထည့်ပြီး အသုံးပြုရုံသာဖြစ်ပေမယ့်....Cisco Router တွေကတော့ PC တစ်လုံးလို Boot Process (သူ့ ထဲမှာရှိတဲ့ system devices ...CPU,RAM...)တွေပါဝင်ပြီးတော့ PC လိုမျိုး Boot တက်ပြီးတော့မှ သုံးလို့ ရပါတယ်.. နောက် Boot Process ပြီးတော့ Routing Table ကိုကိုယ်တိုင် အစအဆုံး ကိုယ်တိုင်သတ်မှတ်ပေးလို့  ရပါတယ်.... console cable တွေနဲ့  CLI ထဲဝင်ပြီး Management လုပ်ရတာဖြစ်သလို... Router မှာပါဝင်တဲ့ ports တွေကိုကိုယ်မသုံးတဲ့ ဟာတွေကို ပိတ်ထားလို့  ရသလို VLAN လည်းလုပ်လို့ ရပါတယ် Routing တွေကိုလည်း RIP,BGP,EIGRP အစရှိတဲ့ Routing Methods တွေနဲ့  ကိုယ်သတ်မှတ်ချင်သလို သုံးလို့ ရပါတယ်...ဒီထက်လည်း Cisco ရဲ့ အခြားသော နည်းပညာတွေကို ခုဆိုရင်စာမေးပွဲတွေနဲ့  စစ်ဆေးပြီး အတည်ပြုခဲ့တာ.. ခုအချိန်မှာတော့ CCNA( Cisco Certified Network Associate) က နာမည် ကြီးပါတယ်... နောက်ထပ် CCNP, CCIE တို့ ကလည်နာမည်ကြီးပြီး.. အဲဒီ စာမေးပွဲတွေ အောင်မြင်တဲ့ Cisco ရဲ့ နည်းပညာကျွမ်းကျင် သူတွေဟာ network ပညာရှင်တွေအဖြစ် ပွဲလယ်တင့်ကြစမြဲပါ......
Router များအားအသုံးပြုခြင်း
D-Link, Belkin, Aztech, Netgear, Linksys,...အစရှိသော company များက Router များနှင့် network ဆက်စပ်ပစ္စည်းများအား ရောင်းချပါတယ်.. အဲဒီ Router တွေကိုတော့ Small Office Home Office(SOHO) Network ငယ်များ..အင်တာနက်ဆိုင်များနှင့် အလယ်အလတ်တန်းစား Company များ တွင် အသုံးပြုကြပါသည်။
Cisco Router များကိုတော့ ISP များ( လက်ရှိ မြန်မာနိုင်ငံ MPT core Network များတွင်အသုံးပြုနေပါ သည်။) mobile companies များ ...Internet Local Service Provider များနှင့် Enterprise Network ကြီးများတွင် အသုံးပြုကြပါတယ်......
ပညာဗဟုသုတတိုးပွားကြပါစေ
D-Link Router |
Cisco နည်းပညာသုံး Linksys Router ( Cisco Router အစစ်မဟုတ်ပါ...Cisco နည်းပညာသုံးထားခြင်းသာဖြစ်ပါသည်) |
Cisco Router |
Router များအားအသုံးပြုခြင်း
D-Link, Belkin, Aztech, Netgear, Linksys,...အစရှိသော company များက Router များနှင့် network ဆက်စပ်ပစ္စည်းများအား ရောင်းချပါတယ်.. အဲဒီ Router တွေကိုတော့ Small Office Home Office(SOHO) Network ငယ်များ..အင်တာနက်ဆိုင်များနှင့် အလယ်အလတ်တန်းစား Company များ တွင် အသုံးပြုကြပါသည်။
Cisco Router များကိုတော့ ISP များ( လက်ရှိ မြန်မာနိုင်ငံ MPT core Network များတွင်အသုံးပြုနေပါ သည်။) mobile companies များ ...Internet Local Service Provider များနှင့် Enterprise Network ကြီးများတွင် အသုံးပြုကြပါတယ်......
ပညာဗဟုသုတတိုးပွားကြပါစေ
No comments:
Post a Comment