Meizu ဆိုတာ တရုတ်ပြည် အခြေဆိုက် စမတ်ဖုန်းထုတ် ကုမ္ဗဏီတစ်ခုပါပဲ။ သူက
Xiaomi လောက်တော့ နာမည်မကြီးပါဘူး။ သူဟာလည်း အိုင်ဖုန်းနဲ့ ပုံစံတူတဲ့
စမတ်ဖုန်းထုတ်ခြင်းဖြင့်ကြောင်း မငြင်းဆန်ပဲ တရားဝင် Android ဖုန်းများ
ထုတ်ပါတယ်။ ယခု ဗားရှင်းကတော့ MX5 ပါ။ iPhone 6 နဲ့ ဒီဇိုင်းက
အတော်ကြီးကို တူနေပါတယ်။ အထူးသဖြင့် ဘေးအနားကွေ့ထားတဲ့ ပုံစံတို့
ဖြစ်ပါတယ်။
အရောင်ကလည်း ရွှေရောင်၊ အနက်ရောင်၊ ငွေရောင်၊ ငွေနက်ရောင် အစရှိသဖြင့်
အရောင်လေးမျိုးဖြင့် ထုတ်လုပ်ပါတယ်။ ၁၄၉ ဂရမ်ဆိုတော့ မလေးတဲ့ စမတ်ဖုန်း
တစ်လုံးပါပဲ။ ကင်မရာက 20.7 Megapiexl ရှိပြီး LG G4 ထဲက laser assistant
focusing နည်းပညာ နဲ့ တူတာ ပါဝင်ပါတယ်။ f2.2 aperture ပါဝင်ပါတယ်။ flash
ကလည်း ထုံးစံအတိုင်းပဲ dual ပါ။
ဖုန်းရဲ့ Home button ဟာလည်း Apple ကလိုပဲ Fingerprint scanner
ပါဝင်ပါတယ်။ သူ့ကိုတော့ mTouch 2.0 လို့ အမည်ပေးထားပါတယ်။ Android OS 5.0
ကို အသုံးပြုထားပြီး Flyme 4.5 interface ထည့်သွင်းထားပါတယ်။ MediaTek
Helio X10 64-bit octa-core 2.2GHz processor ကို အသုံးပြုပြီး RAM က 3GB
ပါ။ 16/32/64GB ဆိုပြီးတော့ storage သုံးမျိုးနဲ့ ထုတ်လုပ် ပါတယ်။ 5.5 လက်မ
full-HD AMOLED display ကတော့ Xiaomi ရဲ့ Sunlight Display နဲ့
ဖီးချားတူတာလေးတွေ ပါဝင်နေပါတယ်။
ဈေးနှုန်းကတော့ MX5 16GB ကို အမေရိကန်ဒေါ်လာ ၂၉၀၊ 64GB ကို ၃၈၅ ဒေါ်လာ
ဖြင့် ရနိုင်ပါတယ်။ နိုင်ငံတကာမှာ မရသေးပေမယ့် တရုတ်ပြည်မှာ
ဝယ်ယူရရှိနေပြီ ဖြစ်ပါတယ်။ www.meizumart.com ကတော့ Meizu ရဲ့ အွန်လိုင်း စတိုး ဖြစ်ပါတယ်။
Credit==> Myanmar Mobile App Store
Credit==> Myanmar Mobile App Store
No comments:
Post a Comment