မုံးကိုး-ဖောင်းဆိုင်သွား ကားလမ်းမှ
မန်ယန်းလမ်းခွဲတွင် ဇူလိုင်လ ၁၆ ရက်နေ့ ညနေ
၆ နာရီခန့် တွင် တောင်ယာမှ ပြန်လာသော
ရွာသား ၂ ဦးသည် KIA အဖွဲ့ ထောင်ထားသော နင်းမိုင်း ၁ လုံးနင်းမိ ၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
မန်ယန်းကျေးရွာသား ရင်ထန့်နှင့် ဟာချော်တို့နှစ်ဦးသည်
ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၆ နာ၇ီခန့် တွင် တောင်ယာမှ
ရွာသို့ပြန်လာရာ မုံးကိုး-ဖောင်းဆိုင်သွားကားလမ်းနှင့်
မန်ယန်းကျေးရွာ လမ်းခွဲသို့ ရောက်ရှိစဉ် ရင်ထန့်မှ လမ်း၏ညာဘက်ဘေးတွင် KIA အဖွဲ့ထောင်ထားသော
မိုင်းတစ်လုံးအား နင်းမိ၍ ၄င်းနေရာတွင်ပင် မိုင်းဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ၄င်းနှင့်အတူပါလာသော ဟာချော်မှာ ခြေထောက်၊ ၀မ်းဗိုက်တို့တွင်
မိုင်းစများထိမှန် ဒဏ်ရာရရှိခဲ့ပါသည်။
၎င်းဒေသသည်
KIA အဖွဲ့ လှုပ်ရှားရာဒေသဖြစ်ပြီး ဒေသခံပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန် ကျးရွာများအနီးတွင် မိုင်းထောင်ခြင်းများ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ပစ်ခတ်ခြင်းများပြု
လုပ်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment