Thursday, July 23, 2015

သမီးကို တရုတ်နိုင်ငံသားထံ ဇနီးမယားအဖြစ်ရောင်းစားမှု တာဝန်သိပြည်သူတို့က ကြည့်မြင်တိုင်ရဲစခန်းသို့ တိုင်ကြား

24 July 2015 
ဇနီးမယားဝယ်ယူတဲ့ လူကုန်ကူးသူ တရုတ်နိုင်ငံသားလေးဦး။ ဓါတ်ပုံ - Law Black (FB)
ရန်ကုန် ဇူလိုင် ၂၃
ဇူလိုင် ၂၂ ရက် ည ၁ဝ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် သီတာရပ်ကွက်၊ ကုက္ကိုလမ်းအမှတ် (၆/ခ) တွင် နေထိုင်သူ ဒေါ်စန်းထွေးသည် သမီးဖြစ်သူ မယုယုထွေး (၂ဝနှစ်) ကို တရုတ်နိုင်ငံသားတစ်ဦး ထံ ငွေကျပ် သိန်း ၃ဝ ဖြင့် ဇနီးမယားအဖြစ် ရောင်းချခဲ့ကြောင်း ယင်းရပ်ကွက်နေ တာဝန်သိ ပြည်သူ အချို့က ကြည့်မြင်တိုင်မြို့မရဲစခန်းသို့ ဖုန်းဖြင့် တိုင်ကြားခဲ့သည်။ တိုင်ကြားချက်အရ တာဝန်မှူး ရဲအုပ် စိုးကျော်စွာနှင့်အဖွဲ့သည် ဒေါ်စန်း ထွေးအား ကြည့်မြင်တိုင်မြို့မရဲစခန်း သို့ ခေါ်ယူမေးမြန်းခဲ့သည်။

ဒေါ်စန်းထွေး၏ ထွက်ဆိုချက်အရ သမီးဖြစ်သူနှင့် လက်ထပ်မည့် တရုတ် နိုင်ငံသားမှာ ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်းမြောက် အနောက်ရပ်ကွက် ကမ်းနားလမ်း အမှတ် (၂၃၂/၆)လွှာတွင် တည်းခိုနေထိုင်ကြောင်း သိရ၍ ယင်းနေရာသို့ သွားရောက်ရှာဖွေခဲ့ရာ မယုယုထွေးအား တွေ့ရှိခြင်းမရှိသော်လည်း ၄င်းနေအိမ်တွင် မလှလှမိုး၊ မအေးသန္တာ၊ မအေးအေးသန်းနှင့် တရုတ် နိုင်ငံသားများ ဖြစ်ကြသော JIANG DIAPFANG XU၊ GAOREN, SHAO HUA-SHENG တို့ကို တွေ့ရှိခဲ့၍ ရဲစခန်းသို့ ခေါ်ယူမေးမြန်းခဲ့သည်။

မေးမြန်းချက်အရ မယုယုထွေး တည်းခိုရာ လှိုင်မြို့နယ် ရွာမကွေ့အနီးရှိ Silver Moon Hotel သို့ ဆက်လက်ရှာဖွေခဲ့ရာ မယုယုထွေးအား ၄င်းနှင့် လက်ထပ်မည့် တရုတ်နိုင်ငံသား XU-ZHANGYU နှင့်အတူ တွေ့ရှိရ၍ ရဲစခန်းသို့ခေါ်ယူစိစစ်မှုများ ပြုလုပ်ခဲ့သည်။

ဇနီးမယားဝယ်ယူတဲ့ လူကုန်ကူးသူ တရုတ်နိုင်ငံသားလေးဦး။ ဓါတ်ပုံ - Law Black (FB)
ဖြစ်စဉ်နှင့်ပတ်သက်၍ ဇူလိုင် ၂၃ ရက် နံနက် ၈ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (ရန်ကုန်) မှ ဒုတိယရဲမှူး မျိုးသိန်းနှင့်အဖွဲ့က လာရောက်စစ်ဆေး မှုများ ပြုခဲ့သည်။

ဆက်လက်စစ်ဆေးနိုင်ရန်အတွက်ယင်းနေ့မှာပင် တရုတ်နိုင်ငံသားလေးဦး၊  မြန်မာအမျိုးသားတစ်ဦး၊ မြန်မာ အမျိုးသမီးကိုးဦး နှင့်အတူ စာရွက်စာတမ်းများ ကို ကြည့်မြင်တိုင်မြို့မရဲစခန်းမှ အဆိုပါ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ရဲစခန်းအနီးတွင် ရောက်ရှိနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့က ''အခုရောင်းစားခံရတဲ့ သမီးလေးက အိမ်မှာရှိတဲ့ အိမ်အကူမိန်းကလေးက လာပြောရာက သိခဲ့ရတာပါ။ သူတို့က ဒီကနေ့မနက် ထွက်သွားတော့မှာ။ သားသမီးချင်းကိုယ်ချင်းစာပြီး အချိန်မီအောင် ညကတစ်ညလုံး ရဲစခန်းကို သတင်းပေးခဲ့တာပါ''ဟု မီဒီယာများသို့ ရှင်းပြခဲ့သည်။

ဘော်ဂါသွေး
Credit==> Myanmaalinn

No comments:

Post a Comment