2015 July 17
ဇူလိုင်လ ၁၅ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု၊ ရတနာသိ င်္ဂီကျေးရွာရှိ `လင်းပြည့်´ သတ္တုတူးဖော်ရေး ကုမ္ပဏီ၊ ကုလားကွဲကျေးရွာအုပ်စု၊ နားမွန်ကျေးရွာရှိ `စန်းမြန်မာ´ သတ္တုတူးဖော်ရေးကုမ္ပဏီ နှင့် နားယုတ်ကျေးရွာရှိ `ဟော်ထိုက်´ သတ္တုတူးဖော်ရေးကုမ္ပဏီများသို့ TNLA (ပလောင်) အဖွဲ့၊တပ်ရင်း (၇၁၇)မှ ပလောင် လူမျိုးတစ်ဦးအား စေလွှတ်၍ ကုမ္ပဏီတစ်ခုလျှင် ငွေကျပ် သိန်း ၂၀၀ စီဖြင့် ဇူလိုင်၁၇ ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ ပန်ဝိုးကျေးရွာသို့ မပျက်မကွက် လာရာက် ပေးသွင်းရန်နှင့် ပျက်ကွက်ပါက ၀န်ထမ်းများအား ၄င်းသောင်းကျန်းသူအဖွဲ့မှ လာရောက် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကာ ဆက်ကြေးတောင်းခံထား ကြောင်းသိရှိရပါသည်။
၎င်းသတ္တုလုပ်ငန်းများသို့ ယခင်က ၄င်းနယ်မြေအတွင်းသွားလာလျက်ရှိသော SSA ရှမ်းသောင်းကျန်းသူများ လည်းတောင်းခံလေ့ရှိကြောင်း၊ ယခုအခါ SSAအဖွဲ့သာမက TNLA(ပလောင်)အဖွဲ့မှလည်း ဆက်ကြေး လာရောက် တောင်းခံလာသောကြောင့် သတ္တုတူးဖော်ရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အခက်တွေ့နေရကြောင်း သတ္တုတွင်း ရှိအလုပ်သမားတစ်ဦး မှ ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

No comments:
Post a Comment