2015 July 17
မူဆယ်မြို့ပေါ်ရှိ
MOBဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ရိုးမဘဏ်၊ ယူနိုက်တက်အမရဘဏ် များနှင့် CBဘဏ်များသို့ KIO/KIA (ကချင်)သောင်းကျန်းသူအဖွဲ့မှ
ဆက်ကြေးတောင်းခံစာများအား ဇူလိုင်လ ၁၅ ရက်နေ့
ညပိုင်းတွင် ဘဏ်များရှိ ညစောင့်များထံသို့ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
ဇူလိုင် ၁၅ ရက်နေ့ ည ၉နာရီခန့်တွင် မူဆယ်မြို့၊
တောင်ရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင်ရှိသော CB ဘဏ်၌ ညစောင့်ဝန်ထမ်း လုံခြုံရေးဝန်ထမ်းထံသို့
မြို့တွင်းနာရီစင်ဘက်မှ ဆိုင်ကယ်စီးနင်းလာသည့် အမည်မသိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး
ဆိုင်ကယ်ပေါ်မှ စာတစ်စောင် အားပစ်ချ၍ စွမ်စော်ရပ်ကွက် ဘက်သို့ ဆက်လက်မောင်းနှင်ထွက်ခွာ
သွားသဖြင့် ညစောင့်ဝန်ထမ်းမှ ၄င်းစာအား ကောက်ယူဖတ်ရှု ကြည့်ရာ KIO/KIA သောင်းကျန်းသူအဖွဲ့၏
ဆက်ကြေးတောင်းခံစာ ဖြစ်နေကြောင်း၊ အလားတူ မူဆယ်မြို့ပေါ်ရှိ MOBဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ရိုးမဘဏ်နှင့်
ယူနိုက်တက်အမရ ဘဏ် များသို့လည်း အကြောင်းကြားစာများ ပေးပို့ထားကြောင်းသိရှိရသည်။
၎င်းဆက်ကြေးတောင်းခံစာများတွင် KIO တောင်ပိုင်းတိုင်း၊
အမှတ်(၄)တပ်မဟာမှ ၄င်းတို့ဒေသအတွင်းရှိ စီးပွားရေးလုပ်ကိုင်လျက်ရှိသော ဘဏ်များ၊ ကုမ္ပဏီများ၊
စီးပွားရေးလုပ်ငန်းရှင်များ အပေါ် အခွန်စည်းကြပ်တောင်းခံခြင်းဖြစ်ကြောင်းနှင့် ၄င်းအဖွဲ့ထံသို့
ဆက်သွယ်ရန် တရုတ်ဖုန်းနံပါတ်နှင့် မြန်မာ ဖုန်းနံပါတ်တစ်လုံးစီပါရှိပြီး KIO တောင်ပိုင်း တိုင်းအမှတ်(၄)တပ်မဟာဟု ဖော်ပြကာ ကချင်ဘာသာဖြင့် လက်မှတ်ရေးထိုးထားကြောင်း တွေ့ရှိရပါသည်။
KIO/KIA အဖွဲ့သည် ယခင်လများတွင်လည်း ကွတ်ခိုင်နှင့် မူဆယ်မြို့များရှိ အဝေးပြေးယာဉ်လိုင်းများထံမှ
လိုင်းကြေး၊ လမ်းအခွန်များတောင်းခံသည့် စာများပေးပို့ကောက်ခံ ခဲ့ကြောင်းနှင့် မူဆယ်မြို့ပေါ်ရှိဘဏ် များအား
ဆက်ကြေး တောင်းခံခြင်းသည် ယခုတစ်ကြိမ်တည်း မဟုတ်ဘဲ
ယခင်ကလည်း မကြာခဏ ဆက်ကြေးတောင်းခံစာများ ပို့ဆောင်ကာ ခြိမ်းခြောက်ခြင်း များ
ပြုလုပ်လေ့ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment