Thursday, June 25, 2015

SSPP/SSA အဖွဲ့မှ အဓ္ဓမစုဆောင်းထားသော တပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ပြေး

2015 Jun 21











SSPP/SSA(၀မ်ဟိုင်း)အဖွဲ့မှ တပ်ဖွဲ့ဝင်အချို့သည် ၄င်းတို့အဖွဲ့အစည်းအပေါ် ယုံကြည်သက်ဝင်မှုမရှိခြင်းနှင့် ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိခြင်းများကြောင့် ယခုရက်ပိုင်းအတွင်း ထွက်ပြေးမှုများ ဖြစ်ပေါ်လျှက် ရှိကြောင်း သိရသည်။

SSA(၀မ်ဟိုင်း)အဖွဲ့မှ ၄င်းတို့လှုပ်ရှားရာနယ်မြေအလိုက်မှ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ထွက်ပြေး လွတ်မြောက် သွားသော တပ်ဖွဲ့ဝင်များအား ၄င်းတို့ဇာတိကျေးရွာများသို့ သွားရောက်ကာ ပြန်လည် ဖမ်းဆီးခြင်း နှင့် ဒဏ်ရိုက်ခြင်း များ ဆောင်ရွက်လျက်ရှိသည်။ လွတ်မြောက်သွားသောတပ်ဖွဲ့ဝင်များအား ၄င်းတို့သက်ဆိုင်ရာ မိသားစုဝင်များမှ ပြန်လည်အပ်နှံပေးခြင်းမရှိပါက ယောကျာင်္း ၁ ဦးအစားထိုးတာဝန် ထမ်းဆောင်ခိုင်းခြင်းနှင့် ယောကျာင်္လေးမရှိသော အိမ်ထောင်စုဖြစ်ပါက အမျိုးသမီး ၁ ဦးအား အဓ္ဓမ အစားထိုးတာဝန်ထမ်းဆောင်စေခြင်းများ ဆောင်ရွက်လျက်ရှိပြီး အစားထိုးတာဝန် ထမ်းဆောင်ပေးေ ဆာင်နိုင်ခြင်းမရှိသော အိမ်ထောင်စုများအား ဒဏ်ကြေးငွေဆောင်စေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်သွားသော တပ်ဖွဲ့များသည် SSA(၀မ်ဟိုင်း)အဖွဲ့မှ လက်နက်ဖြင့် ခြိမ်းခြောက်၍ အတင်းအဓ္ဓမ စုဆောင်းထားခြင်းခံရသော ဒေသခံရွာသားများဖြစ်ပြီး ၄င်းအဖွဲ့အစည်းအတွင်း တာဝန်ထမ်းဆောင်လိုစိတ်မရှိ သော်လည်း ရွာတွင်ကျန်ရှိသောမိသားစုဝင်များအား အန္တရာယ်ပေးမည်ကို  စိုးရိမ်ကြောက်ရွံ့၍သာ တာဝန် ထမ်းဆောင်နေရသူများဖြစ်သည်။ ယခုအခါ ထွက်ပြေးရန် အခွင့်အလမ်းသာ၍ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

SSA(၀မ်ဟိုင်း)အဖွဲ့သည် ၄င်းတို့လှုပ်ရှားရာဒေသတစ်ဝိုက်ရှိ ကျေးရွာငယ်များမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်၍ လူသစ်တောင်းခံခြင်း၊ ဆန် ၊ ရိက္ခာ နှင့် ဆက်ကြေးငွေတောင်ခံခြင်း၊ ကျေးရွာများသို့ ၀င်ရောက်၍ အုပ်ချုပ်ရေးမှူးနှင့်ရွာသူ/သားများအား ခေါ်ယူတွေ့ဆုံကာ အစည်းအဝေးပြလုပ်ခြင်း၊ လူမျိုးရေးဗန်းပြ၍ ဒေသခံလူထု အပေါ်စည်းရုံးခြင်း၊ ခြိမ်းခြောက်ခြင်း၊ မူးယစ်ဆေးဝါးအကြောင်းပြ၍ ဖမ်းဆီးခြင်းများလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။

No comments:

Post a Comment