2015 May 26
TNLA(ပလောင်)သူဖုန်အဖွဲ့မှ အင်အား ၇ ဦးသည် မေလ ၂၁ ရက်နေ့နေ့လည်၂ နာရီခန့်တွင် ကွက်ခိုင်မြို့နယ် လွယ်ကန်ကျေးရွာအုပ်စု ၊ မန်ဂျတ်စုစည်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် နမ့်ဖတ်ကာရွာမှ ရွာသူ/သား ၅ ဦး အား ခေါ်ယူတွေ့ဆုံ၍ ဆက်ကြေးငွေနှင့် ရိက္ခာဆန်များတောင်းခံခဲ့ကြောင်းသိရသည်။

ဆက်ကြေးငွေပေးဆောင်ရသူများမှာ
နမ့်ဖတ်ကာကျေးရွာရှိ စားသောက်ဆိုင်၊ ဆန်ဆိုင်၊ ကုန်ဆုံဆိုင် မုန့်ဆိုင်ပိုင်ရှင်များ
ဖြစ်ပြီး ၄င်းတို့ ၅ ဦး၏ နေအိမ်များသို့ အဆိုပါနေ့မနက်အစောကြီး ၂ နာရီခွဲခန့်တွင်
လူလတ်ပိုင်းအရွယ်အမျိုးသား တစ်ဦးရောက်ရှိလာပြီး ပလောင်လူကြီးမှ တွေ့ဆုံရန် မန်လွတ်စုစည်းရွာသို့
လာရောက်ခဲ့ပါဟု လိုက်လံပြောဆိုခဲ့သဖြင့် နေ့လည်တွင်
၎င်းတို့ ၅ ဦးမှ မန်ကျက်စုစည်းကျေးရွာသို့ သွားရောက်ခဲ့ပြီး ယခုကဲ့သို့ဆက်ကြေးတောင်းခြင်းခံရကြောင်း
သိရသည်။
TNLA
အဖွဲ့သည် ထိုကဲ့သို့ သူပုန်ဓားပြဆန်ဆန်လုပ်ရပ်များအား မကြာခဏ လုပ်ဆောင်မှုရှိသလို ဒေသခံလူထုအပေါ်၌
လက်နက်အားကိုးဖြင့် ခြိမ်းခြောက်လွှမ်းမိုးထားကြောင်း ပြီးခဲ့သည့် ရက်ပိုင်းများတွင်လည်း
ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ယာဉ်လိုင်းများအား ဆက်ကြေးကောက်ခံခြင်းများ
၊မြို့ပေါ်ရှိယာဉ်လိုင်းများအား ဖုန်းဖြင့်တစ်မျိုး၊ စာဖြင့်တစ်မျိုး ဆက်ကြေးတောင်းခံခြင်းများ
ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရရှိရပါသည်။
No comments:
Post a Comment