2015 May 10
မူဆယ်မြို့ပေါ်ရှိ
ယာဉ်လိုင်းများဖြစ်သော မြတ်မန္တလာထွန်း၊ GI ၊ ဓူဝံ နှင့် AA ယာဉ်လိုင်းများထံသို့
TNLA ပလောင် အဖွဲ့မှ နော်ဒမ်းဆိုသူမှ မေလ ၈ ရက်နေ့တွင် ဖုန်းဖြင့် ဆက်သွယ်ခေါ်ယူပြီး
အဆိုပါယာဉ်လိုင်းများမှ ယာဉ်အရေ အတွက်အလိုက် ယာဉ်တစ်စီးလျှင် ငွေကျပ် နှစ်သိန်းနှုန်းအား
ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာ ကျေးရွာအနီးသို့ လာရောက်ပေးသွင်းရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း
သိရသည်။
အဆိုပါ
TNLA အဖွဲ့၏ ယခုကဲ့သို့ မြို့ပေါ်ရှိ ယာဉ်လိုင်းများအထိ ဆက်ကြေးကောက်ခံမှုကြောင့် ယာဉ်လိုင်း
ဂိတ်များအနေဖြင့် ခရီးစဉ်များထွက်ခွာရန် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း
သိရသည်။
ယာဉ်လိုင်းဂိတ်မှူးတစ်ဦးမှ
`` ၈ ရက်နေ့ နေ့လည်လောက်က ဂိတ်ကို တရုတ်ဖုန်းနံပါတ်နဲ့ ဖုန်းတစ်လုံး ၀င်လာ တယ်။ ဖုန်းကိုင်လိုက်တော့
တစ်ဖက်လူက တအောင်းတပ်မတော်က နော်ဒင် ဖြစ်ကြောင်းပြောပြီး မင်းတို့ ယာဉ်လိုင်းက ငါတို့တအောင်းတပ်မတော်အတွက်
အခွန်ခပေးသွင်းရမယ်၊ အခွန်နှုန်းထားက ယာဉ်တစ်စီးကို နှစ်သိန်းနှုန်းနဲ့ ဂိတ်မှာရှိတဲ့ ယာဉ်အရေအတွက် အလိုက် ပေးဆောင်ရမယ်။ ပေးဆောင်ရမယ့်နေရာက
နမ့်ဖတ်ကာ ကျေးရွာနားက ယခင်တောင်းတဲ့နေရာကိုလာပေးရမယ်။ မပေးသွင်းရင်အရေးယူခံရမယ်လို့
ပြောပြီးတော့ ဖုန်းချသွားတယ် ။ အဲ့လိုပြောတော့ ကျွန်တော်တို့ယာဉ်တွေတောင်ထွက်ရမှာ လန့်လာတယ်´´
ဟု ပြောပြသည်။
TNLA
ပလောင်အဖွဲ့သည် ယခင်အေပြီလတွင်လည်း ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်းမပေါ်တွင် သွားလာ
လျက်ရှိသော ယာဉ်များအားတားဆီး၍ ယာဉ်အကြီးအသေးအလိုက် ဆက်ကြေးကောက်ခံ မှုများ ပြုလုပ်ခဲ့
သောကြောင့် တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခု အခါတွင်လည်း မြို့ပေါ်မှ ယာဉ်လိုင်းများအား
ဖုန်းဖြင့် ခြိမ်းခြောက်ပြောဆိုကာ ဆက်ကြေးတောင်းခံခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment